Category Archives: News
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၃-၃-၂၀၁၈) ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် သင်တန်းသား (၃၀) ဦးဖြင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို သင်တန်းကာလ (၃) ရက်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး (၂၅-၃-၂၀၁၈) ရက်နေ့တွင် သင်တန်းဆင်းပွဲ အားကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
ရေးမြို့နယ်ဦးစီးမှူးရုံးသစ်(ယာယီ)နှင့် ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ယာယီ) ဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၃-၂၀၁၈) ရက်နေ့ နံနက် (၁၀းဝဝ) နာရီအချိန်တွင် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရေးမြို့နယ်ဦးစီး မှူးရုံး သစ်(ယာယီ)အား ဖွင့်လှစ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူးမှ ရုံးဖွင့်လှစ်ရသည့် အကြောင်းအရာ အသေးစိတ် အား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူးမှ ကြိုဆို နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ်သဘာဝဘေးကော်မတီဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ရေးမြို့နယ်ဦးစီးမှူးရုံး ဆိုင်းဘုတ် အား အမွှေးနံ့သာရေများ ပက်ဖျန်းခဲ့ကြပါသည်။ (၂၆-၃-၂၀၁၈) … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်နည်းပြသင်တန်းဆင်းပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူး၍ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ (၂၀-၃-၂၀၁၈)ရက်နေ့မှ (၂၅-၃-၂၀၁၈)ရက်နေ့အထိ သင်တန်းသား (၆၀)ဦးဖြင့် သင်တန်းကာလ(၆)ရက်ကြာဖွင့်လှစ်ခဲ့သော သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ်နည်းပြသင်တန်းဆင်းပွဲအခမ်းအနားအား (၂၅-၃-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးသန်းစိုး(ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေး မှူးဦးဆန်းနုမှ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းသား/သင်တန်းသူများ အား သင်တန်းဆင်းလက်မှတ်များချီးမြှင့်ခြင်း၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုရန်အတွက် Handspeaker (၃) လုံး၊ ရေဒီ ယို (၃) လုံး၊ … Read more
-
ဒုတိယ၀န်ကြီး ဦးစိုးအောင်နှင့်အဖွဲ့ မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ မိုးကြိုကာလ လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြည့်ရှု့အားပေး ထောက်ပံ့ကွင်းဆင်းဆောင်ရွက်မှုသတင်း
================== (၂၅-၃-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်သည် တာ၀န်ရှိသူများလိုက်ပါလျက် စဥ့်ကိုင်မြို့၊ တရုတ်စုရပ်ကွက်သို့ရောက်ရှိပြီး မိုးကြိုကာလ လေဘေးကြိုတင်ကာကွယ်ရေး အတွက် ရပ်ကွက်အတွင်း ဆင်းရဲနွမ်းပါးပြီး သဘာ၀ဘေးကျေရာက်လျှင် ကြံ့ခိုင်မှုမရှိသော နေအိမ်များကို မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ရွာစေတနာရှင်လုပ်အားပေးများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှု့အားပေးပြီး နွေဦးကာလနှင့် မိုးကြိုကာလ ရာသီပြောင်းချိန်တွင် လေပြင်း မုန်တိုင်း ကျရောက်လေ့ရှိသဖြင့် အသိပညာပေးရန်နှင့် ရပ်ရွာလူထု ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါး … Read more
-
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ညောင်လေးပင်မြို့နယ်များရှိ မသန်စွမ်းသူများ၊ မိုင်းဒဏ်ကြောင့် မသန်စွမ်းသူများနှင့် အမျိုးသမီးဦးဆောင်သော မိသားစုများအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ထောက်ပံ့မှုများ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြုလုပ်
၂၅-၃-၂၀၁၈၊ နေပြည်တော် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့သို့ရောက်ရှိကြပြီး မြို့နယ်အစည်းအဝေးခန်းမတွင် မိုင်းဒဏ်ကြောင့် ထိခိုက် ဒဏ်ရာရရှိသော မသန်စွမ်းသူ များအား လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာထောက်ပံ့မှုများ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးအရ မသန်စွမ်းသူများအနေဖြင့် တန်းတူအခွင့်အရေးရှိပါ ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးကိုရရှိစေရေး အတွက်ဥပဒေ၊ နည်းဥပဒေနှင့် အမျိုးသားအဆင့် ကော်မတီများဖွဲ့စည်းပြီး အလေးထားဆောင်ရွက်ပေး နေပါကြောင်း၊ နောင်မကြာမီကာလတွင် မသန်စွမ်း များအတွက်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး … Read more
-
ကျိုင်းတုံမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ စိန်ဂျိုးဇက်အာခါရွာသို့ သောက်သုံးရေများ ပေးဝေမှုသတင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၈) ရက်နေ့၊ ညနေ (၁၅း၀၀) နာရီအချိန်တွင် နွေရာသီရောက်သဖြင့် သောက်သုံးရေရှားပါးလျက်ရှိသည့် ကျိုင်းတုံမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ စိန်ဂျိုးဇက်အာခါရွာသို့ ရေဂါလံ ၇၅၀ ဆန့်၊ ကား ၄ စီးဖြင့် ရေဂါလံစုစုပေါင်း ၃၀၀၀ အား သွားရောက် ပေးဝေခဲ့ကြောင်း သိရှိရပါသည်။
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာရွှေ့ပြောင်းသူများအား ပြန်လည်လက်ခံရေး၊ စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းများပိတ်သိမ်းရေးနှင့် ပြန်လည်နေရာချထားရေး ဆိုင်ရာကိစ္စများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဗြိတိန်နိုင်ငံသံရုံး၊ သံအမတ်ကြီး လာရောက် တွေ့ဆုံဆွေးနွေးမှုသတင်း
၂၂.၃.၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးအား ဗြိတိန်နိုင်ငံသံရုံး၊ သံအမတ်ကြီး H. E. Mr. Andrew Patrick ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါ ၀န်ကြီးရုံး၌ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် သံအမတ်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာ ထွက်ပြေးသွားသူများ ပြန်လည်လက်ခံရေးတွင် နိုင်ငံတကာအဖွဲ့အစည်းများပါ၀င်နိုင်မှု၊ ဘင်္ဂလား ဒေ့ရှ်မှ မြန်မာနိုင်ငံသို့ပေးပို့ထားသည့် လူဦးရေ(၈၀၃၂)ဦးစာရင်းအား စိစစ်ဆောင်ရွက်မှု အခြေအနေ၊ ပြန်လည်နေရာချထားရေးအတွက် အိုးအိမ်ဆောက်လုပ်မှု အခြေအနေများ၊ နိုင်ငံတွင်းနေထိုင်ကြောင်း … Read more
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အထက(၁)တွင် ပြည်နယ်အဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ပြည်သူလူထုအတွင်း ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အထက(၁)တွင် (၂၄-၃-၂၀၁၈)ရက်နေ့ (၀၉းဝဝ)နာရီအချိန်တွင် ပြည်နယ်အဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင် ကာကွယ် ရေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းလူငယ်များနှင့် ရပ်ရွာပြည်သူလူထု စုစုပေါင်း အင်အား (၁၀၀၀) ကျော်ခန့်ဖြင့်ကျင်းပခဲ့ရာ ပထမပိုင်း အစီအစဉ်တွင် ပြည်နယ်လူမှုဝန်ကြီး ဒေါက်တာ သင်းလွင်က အဖွင့်အမှာစကားပြောကြားခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ … Read more
-
ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၈) ရက်နေ့၌ သီပေါမြို့တွင် ထိတွေ့မှုကြောင့် အုံမုကျေးရွာအုပ်စုနှင့် ပန်ခံကျေးရွာအုပ်စုကျေးရွာများမှ ဘော်ကြို ဆုတောင်းပြည့်ရုံနှင့် ရတနာရွှေဂူကျောင်းတိုက်တို့တွင် ထပ်မံရောက်ရှိလာသော အိမ်ထောင်စု (၁၆၄) စုမှ ကျား (၁၆၃) ဦး၊ မ (၃၉၉) ဦး၊ စုစုပေါင်း (၅၆၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး အိမ်ထောင်စု (၁၆၄) စုစာအား (၂၄-၃-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စုတွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၄-၃-၂၀၁၈)ရက်နေ့တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်း ကျေးရွာအုပ်စု၊ ရေတွင်းကုန်ကျေးရွာ၊ လေးဂွကြီးကျေးရွာ၊ ဘင်္ဂလားကြီးကျေးရွာနှင့် ဘင်္ဂလားလေးကျေးရွာတို့၌ လေပြင်း ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးအတွက် အိုးအိမ်များပြုပြင်ပေးခြင်းလုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)









