Category Archives: News
-
မြန်အောင်မြို့နယ်၊ ဌက်ကြီးကွင်းကျေးရွာအုပ်စု၊ မှန်တန်းကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= မြန်အောင်မြို့နယ်၊ ဌက်ကြီးကွင်းကျေးရွာအုပ်စု၊ မှန်တန်းကျေးရွာ၌ (၂၆-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ၃ အိမ်ထောင်စာကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၏ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ရှိ ထာဝရဘိုးဘွားရိပ်သာတွင် မီးလောင်ကျွမ်းမှုကြောင့် ဘေးဒုက္ခကြုံတွေ့ နေရသောအဘိုး၊ အဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီခြင်း
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့တွင် (၂၆-၃-၂၀၁၈)နေ့၊ (၁၃း၃၀) နာရီချိန်၌ တောမီး လောင်ကျွမ်းရာမှတစ်ဆင့် အုန်းခြံရပ်ရှိ ထာဝရဘိုးဘွားရိပ်သာသို့ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဘိုးဘွားအိပ်ဆောင် (၂) ဆောင် မီးလောင်ကျွမ်းခဲ့ပြီးအဘိုး(၃)ဦးသေဆုံးခဲ့ကာအဘိုး (၂) ဦးဒဏ်ရာရရှိခဲ့ပြီး အဘိုး၊ အဘွားစုစုပေါင်း (၂၈) ဦးတို့ ဘေးဒုက္ခကြုံတွေ့နေရသဖြင့် လိုအပ်သည်များပံ့ပိုးပေးနိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများက (၂၇-၃-၂၀၁၈) ရက်နေ့တွင် ဘေးဖြစ်ပွားရာ ထာဝရဘိုးဘွားရိပ်သာသို့သွားရောက်၍ ပံ့ပိုးကူညီမှုများပြုလုပ်ခဲ့ကြပါသည်။ ပံ့ပိုးကူညီမှုများပေးအပ်ခဲ့ရာတွင် ဘိုးဘွား … Read more
-
သဘာဝဘေးလျော့ပါရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးသန်းစိုး (ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် (၂၇-၃-၂၀၁၈) ရက်နေ့တွင် ပုသိမ်မြို့နယ်၊ ကွင်းပေါက်ကြီးကျေးရွာအုပ်စု၊ ကွင်းပေါက်ကြီး ကျေးရွာ၌ (၀၉း၃၀) နာရီမှ (၁၁း၃၀) နာရီအချိန်အထိ ပြည်သူလူထု(၁၅၀)ဦးခန့် ဖြင့်လည်းကောင်း၊ သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ သစ်ပုတ်ကုန်းကျေးရွာ၌ (၁၃း၀၀) နာရီအချိန်မှ (၁၅း၀၀)နာရီအချိန်ထိ ပြည်သူလူထု (၁၂၀) ဦးခန့်ဖြင့်လည်းကောင်း သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း ပြည်သူလူထု(၂၇၀)ဦးခန့် တက်ရောက်ခဲ့ပြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအကြောင်း ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: … Read more
-
ဘေးအန္တရာယ်ဆိုင်ရာသိပ္ပံပညာ (Disaster Science) စာအုပ်များပေးအပ်လှူဒါန်းမှုသတင်း
၂၇.၃.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ထူးချွန်ထက်မြက်သော အမျိုးသားကျောင်းသား ဟောင်းများ အသိပညာပြန့်ပွားရေးအဖွဲ့ (Outstanding Ex-National Students-OENS) မှ ဘေးအန္တရာယ်ဆိုင်ရာသိပ္ပံပညာ (Disaster Science) စာအုပ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားအား (၂၆.၃.၂၀၁၈)ရက်နေ့ မွန်းလွဲ(၂)နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၆၄) ကမ္ဘာအေးဘုရားလမ်းရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ လှူဒါန်းသည့်စာအုပ်များအားလက်ခံကာ ကျေးဇူးတင်စကား ပြောကြား ခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက … Read more
-
ကျေးရွာများတွင် လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၃-၂၀၁၈)ရက်နေ့တွင် ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့ရပ်ကွက် (၁) နှင့် ရပ်ကွက်(၂) တို့တွင် လေပြင်းဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော နေအိမ်များပြု ပြင်ပေးခြင်း၊ အိမ်အနီးရှိကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာဆောင်ဖြန့်ဝေခြင်း လုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၈)ရက်နေ့ (၁၂း၃၀)အချိန်မှ (၁၄း၀၀)အချိန်ထိ ပုဏ္ဏားကျွန်းမြို့၊ ချောင်းဝကျေးရွာ လူဦးရေ (၁၂၀)ဦးခန့်အား သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်ပြီး လက်ကမ်းစာစောင်များ၊ သဘာဝဘေးဗွီနိုင်းပိုစတာများနှင့် ခေါက်ဆွဲခြောက်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၈)ရက်တွင် ပုဏ္ဏားကျွန်းမြို့ နယ်၊ သရက်ချိူကျေးရွာ၌ (၁၀း၀၀)အချိန်မှ (၁၁း၃၀)အချိန်ထိကျေးရွာသူ၊ ကျေးရွာသားလူဦးရေ (၁၅၀)ဦးခန့််အား သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်ပြီး လက်ကမ်းစာစောင်များ၊ သဘာဝဘေးဗွီနိုင်းပိုစတာများနှင့် ခေါက်ဆွဲခြောက်များဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှှ တာဝန်ရှိသူများသည် (၂၆-၃-၂၀၁၈)ရက်တွင် ဆတ်ရိုးကျ ရပ်ကွက်၌ (၁၄း၃၀)အချိန်မှ(၁၆း၀၀)အချိန်ထိ ကျေးရွာသူ၊ ကျေးရွာသား(၁၃၀)ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြော ပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစောင်များ၊ သဘာဝဘေးဗွီနိုင်းပိုစတာများနှင့် ခေါက်ဆွဲခြောက်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှှ တာဝန်ရှိသူများသည် (၂၆-၃-၂၀၁၈)ရက်နေ့တွင် စစ်တွေမြို့နယ်၊ ကျေးတောကျေးရွာ၌ (၁၂း၀၀)အချိန်မှ (၁၃း၃၀) အချိန်ထိ ကျေးရွာသူ၊ ကျေးရွာသား(၁၂၀)ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစောင်များ၊ သဘာဝဘေးဗွီနိုင်းပိုစတာများနှင့် ခေါက်ဆွဲခြောက်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှှ တာဝန်ရှိသူများသည် (၂၆-၃-၂၀၁၈)ရက်နေ့တွင် စစ်တွေ မြို့နယ်၊ ချောင်းနွယ်မင်းဂံကျေးရွာ၌ (၁၀:၀၀)အချိန်မှ(၁၁း၃၀)အချိန်ထိ ကျေးရွာသူ၊ ကျေးရွာသား(၁၀၀)ဦးခန့်အား သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ သဘာဝဘေးဗွီနိုင်းပိုစတာများနှင့် ခေါက်ဆွဲခြောက်များဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









