Category Archives: News
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈)ရက်နေ့ စစ်တွေမြို့နယ်၊ အောင်မင်္ဂလာမြောက်ရပ်ကွက်တွင် (၁၀:၀၀)အချိန်မှ (၁၁:၃၀)အချိန်ထိ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောမှုပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူ (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ သဘာဝဘေးအသိပညာပေးပိုစတာနှင့် ခေါက်ဆွဲခြောက်များ ပေးဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးသစ် (ယာယီ)နှင့် ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးသစ်(ယာယီ)ဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးသစ်(ယာယီ)အား (၂၈-၃-၂၀၁၈)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီ အချိန် သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ရာ အဆိုပါရုံးသစ်ဖွင့်ပွဲသို့ မွန်ပြည်နယ်ဦးစီးမှူးမှ တက်ရောက်၍ ရုံးဖွင့်လှစ်ရသည့် အကြောင်းအား အသေးစိတ်ရှင်းလင်းအမှာစကား ပြောကြားခဲ့ကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးမှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ကြောင်း၊ အခမ်းအနားသို့ မြို့နယ်သဘာဝဘေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပက်ဖြန်းခဲ့ကြကြောင်းနှင့် ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးသစ်(ယာယီ)ကိုလည်း (၂၈-၃-၂၀၁၈)ရက်နေ့တွင်ပင် ချောင်းဆုံမြို့နယ်၊ ကျွန်းသာယာခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ သောက်သုံးရေလှူဒါန်းမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၁၈)ရက်နေ့တွင်ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာအုပ်စု၊ ယပ်ခူကျေးရွှာ၊ (၂၄-၃-၂၀၁၈)ရက်နေ့နှင့် (၂၅.၃.၂၀၁၈)ရက်နေ့တို့တွင် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွှာအုပ်စု၊ ဖူးကရားခူကျေးရွှာများသို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာအုပ်စု၊ ကန့်ဘလူကျေးရွာတွင် (၁၉-၃-၂၀၁၈)နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု (၂)စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ ၂ အိမ်ထောင်စာအား (၂၇-၃ -၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈)ရက်နေ့ တွင် UEHRD စေတနာ့ဝန်ထမ်း လူငယ်အစီအစဉ် (၅)ကြိမ်မြောက်နှင့် (၆)ကြမ်မြောက် အကြား လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အဆက်မပြတ်စေရေးအတွက် ဘူးသီးတောင်မြို့နယ်၊ ငါးရံ့ချောင်းကျေးရွာအုပ်စု၊ ယင်းမ(ဘင်္ဂလီ)၊ ယင်းမ(တိုင်းရင်းသား)၊ ယင်းကျောက်တောင်(တိုင်းရင်းသား)၊ စုစုပေါင်း ကျေးရွာ(၃)ရွာရှိ အိမ်ထောင်စု (၁၁၂)စုမှ လူဦးရေ (၄၈၂)ဦးတို့အတွက် အခြေခံစားနပ်ရိက္ခာ (၁)လစာ ဆန်(၁၅၀)အိတ်နှင့် (၁၅)ပြည်၊ ဆီ(၁၈၀.၇၅)ပိသာ၊ ဆား(၃၆.၁၅)ပိသာနှင့် ပဲ(၇၂၃)ပိသာ တို့အား ပြည်နယ်ဦးစီးမှူးဦးဆောင်၍ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မောင်တောခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မတ်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်မြောက်ပိုင်းသို့ ဝင်ရောက်လာကြသည့် တိုင်းရင်းသား အိမ်ထောင်စု (၇၀) စုမှ လူဦးရေ (၃၂၂)ဦးအား ကျားလုံချည်၊ မလုံချည်၊ တီရှပ်၊ ဆပ်ပြာတောင့်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ စားနပ်ရိက္ခာ ၁လစာအဖြစ် ဆန်၊ ပဲ၊ ဆားများအား (၂၇-၃-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မောင်တောခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် UEHRD စေနာ့ဝန်ထမ်းလူငယ် အစီအစဉ် (၅) ကြိမ်မြောက်နှင့် (၆) ကြိမ်မြောက်အကြား လူသားချင်းစာနာထောက်ထားမှု အကူအညီများ အဆက်မပြတ်စေရေးအတွက် (၂၇-၃-၂၀၁၈) ရက်နေ့တွင် မောင်တောမြို့နယ် (မြောက်ပိုင်း) တပ်ချောင်းကျေးရွာအုပ်စုမှ တပ်ချောင်း(သက်)ရွာ၊ ရွှေဒိုင်(မြို)ရွာ၊ ဒုံးညို(မြို)ရွာ၊ ကူကွေး(မြို)ရွာ၊ ကျေးရွာစုစုပေါင်း(၄)ရှိ အိမ်ထောင်စု (၁၄၈) စုမှ လူဦးရေ (၁၁၇၉) ဦးအား ဆန်၊ ဆီ၊ ပဲ နှင့် ဆားတို့အားသွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၈)ရက်နေ့ (၁၅း၃၀)အချိန်မှ (၁၆း၃၀)အချိန်ထိ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာ၌ လူဦးရေ (၁၂၀)ဦးခန့်အား သဘာဝဘေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ပြီး လက်ကမ်းစာစောင်များ၊ သဘာဝဘေးဗွီနိုင်းပိုစတာများနှင့် ခေါက်ဆွဲခြောက်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၈) ရက်နေ့တွင် ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ ရပ်ကွက် (၃) နှင့် ရပ်ကွက် (၄) တို့တွင် လေပြင်းဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော နေအိမ်များ ပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းလုပ်ငန်းများအား ကျေးရွာကော်မတီဝင်များ၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဖိုးမိုးအိုက်ကျးရွာတွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)









