Category Archives: News
-
မိုးကြိုကာလဖြစ်ပွားတတ်သော လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပြောကြားမှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ်၊ မြစ်ကျိုးအုပ်စုအတွင်းရှိ ကျေးရွာ (၄) ရွာ၊ အိမ်ခြေပေါင်း (၁၀၀) လုံးနှင့် တယ်ကုန်းအုပ်စုအတွင်းရှိ ကျေးရွာ (၇) ရွာ၊ အိမ်ခြေပေါင်း (၂၀၀) လုံးတို့အား မိုးကြိုကာလဖြစ်ပွားတက်သော လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကျေးရွာများရှိ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ပရဟိတလူငယ်များနှင့် တွေ့ဆုံကာ ကျေးရွာကော်မတီဖွဲ့စည်း၍ ဆောင်ရွက်ရမည့်လုပ်ငန်း အဆင့်ဆင့်ကို အသေးစိတ်လမ်းညွှန်မှုများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကလေးမြို့နယ်၊ တောင်းဦးကျေးရွာအုပ်စု၊ ပြင်သာကျေးရွာ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီမှ (၁၄း၃၀) နာရီထိ ကလေးမြို့နယ်၊ တောင်းဦးကျေးရွာအုပ်စု၊ ပြင်သာကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး၏နေအိမ်၌ ကျေးရွာသူ/သားများအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူ ၇၅ ဦးခန့်ရှိကြောင်း သိရှိရပါသည်။
-
ကျောက်ဖြူမြို့နယ်၊ ဆင်ဘုတ်ကျေးရွာအုပ်စု၊ စပါးထားကျေးရွာအတွင်း ဆိုလာမီးအိမ်များ ပေးအပ်မှုသတင်း
================================================= Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= (၂၈-၃-၂၀၁၈) ရက်နေ့တွင် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့နယ်၊ ဆင်ဘုတ်ကျေးရွာအုပ်စု၊ စပါးထားကျေးရွာအတွင်း ဆိုလာမီးအိမ် 20watt (၉) လုံးအား သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား ပုသိမ်မြို့နယ် ရှမ်းကွင်း ကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာ၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့်ကလေးအဖွဲ့ ကျေးရွာပြည်သူ လူထု (၁၅၀) တို့နှင့်အတူ ကျင်းပခဲ့ပြီး ဦးစီးဌာနမှ ရေသန့်ဆေးထုပ်များ၊ ဘေး(၈)မျိုးပါ လက်ကမ်းစာစောင် များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈)ရက်နေ့ (၁၂း၃၀)အချိန်မှ (၁၄း၃၀)အချိန်ထိ စစ်တွေမြို့နယ်၊ သင်းပုန်းတန်းကျေးရွာ၌ လူဦးရေ (၁၂၀)ဦးခန့်အား သဘာဝဘေး အသိပညာပေးဟောပြောပွဲပြု လုပ်ပြီး လက်ကမ်းစာစောင်များ၊ သဘာဝဘေးဗွီနိုင်းပိုစတာများပေးအပ်ခြင်းနှင့် မုန့်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈)ရက်နေ့ (၁၂း၃၀)အချိန်မှ (၁၄း၃၀)အချိန်ထိ စစ်တွေမြို့နယ်၊ ပျားလည်ချောင်းကျေးရွာ၌ လူဦးရေ (၁၀၀)ဦးခန့်အား သဘာဝဘေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ပြီး လက်ကမ်းစာစောင်များ၊ သဘာဝဘေးဗွီနိုင်းပိုစတာများပေးအပ်ခြင်းနှင့် မုန့်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈) ရက်နေ့(၁၂း၃၀) နာရီအချိန်တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ ဖျာပုံတမံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူလူထု (၁၂၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး World Vesion မှ လှူဒါန်းသော ရေသန့်ဆေးထုပ်များကို ဖြန့်ဝေပေးခဲ့ပြီး သုံစွဲပုံ နည်း စနစ် များအား လက်တွေ့ပြသခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာများ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ယာယီ) နှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ယာယီ) ဖွင့်လှစ်မှုသတင်း
================================================= Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ယာယီ)အား (၂၈-၃-၂၀၁၈) ရက်နေ့ နံနက်(၁၀)နာရီတွင် ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနရုံး၌ ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုးမှ တက်ရောက်၍ မြို့နယ်ဦးစီးမှူးရုံးများ ဖွင့်လှစ်ရသည့်အကြောင်းအား အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ မြို့နယ်သဘာဝဘေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ပြီး ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာရေများ … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈) ရက်နေ့(၁၀း၃၀) နာရီအချိန်တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ ကျုံကူကျေးရွာအုပ်စု၊ အကြီးဝကျေးရွာ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် ပြည်သူလူထု (၁၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး World Vesion မှ လှူဒါန်းသော ရေသန့်ဆေးထုပ်များကို ဖြန့်ဝေပေးခဲ့ပြီး သုံစွဲပုံ နည်းစနစ်များအား လက်တွေ့ပြသခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာများပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဒက္ခိဏခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)(၁/၂၀၁၈) သင်တန်းဖွင့်လှစ်မှုသတင်း
================================================= Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)(၁/၂၀၁၈) သင်တန်းအား (၂၈-၃-၂၀၁၈) ရက်နေ့တွင် ဒက္ခိဏခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းမှ တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားအား နေပြည်တော်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား/သူ (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။









