Category Archives: News
-
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ၏ ၃/၂၀၁၈ ကြိမ်မြောက် အစည်းအဝေးကျင်းပ
၂၉-၃-၂၀၁၈ ၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ၃/၂၀၁၈ ကြိမ်မြောက်အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နေ့လည် (၁၄:၀၀) နာရီတွင် ကျင်းပခဲ့ရာ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြု ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပူးတွဲဥက္ကဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ အတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ တွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more
-
မြန်အောင်မြို့နယ် တယ်ကုန်းအုပ်စုအတွင်း ရေနစ်ကွင်းကျေးရွာရှိ အိမ်ထောင်စုများအတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်မှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ် တယ်ကုန်းအုပ်စုအတွင်း ရေနစ်ကွင်းကျေးရွာရှိ အိမ်ထောင်စုများအတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ခိုင်ခံ့မှုအားနည်းသော အိမ်များအား ပြင်ဆင်ပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကိုဖော်ဆောင်နိုင်ရေးရည်ရွယ်၍ သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေထွက်ပေါ်နိုင်ရေးမြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဒုတိယအကြိမ် အစည်းအဝေး ကျင်းပ
၂၉-၃-၂၀၁၈၊ နေပြည်တော် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို (၂၉.၃.၂၀၁၈) ရက်နေ့၊ နံနက် (၉း၃၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး၌ ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကအဖွင့်အမှာစကားပြောကြားခဲ့ရာတွင် ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား Mr. David Liu ဦးဆောင်သော Myanmar Blue Sky Rescue Council အဖွဲ့နှင့် Centre for Humanitarian Dialogue မှ CountryRepresentative ဖြစ်သူ Mr. Adam Cooper နှင့်အဖွဲ့တို့မှ သီးခြားစီလာရောက်တွေ့ဆုံ
၂၉-၃-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား Mr. David Liu နှင့်အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် Blue Sky အဖွဲ့အစည်း၏ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစ၍ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများ၊ ၂၀၀၇ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံတွင် အကြီးဆုံးပုဂ္ဂလိက အဖွဲ့အစည်းဖြစ်ပြီးနိုင်ငံပေါင်း (၇) နိုင်ငံတွင် ဘေးအန္တရာယ်ဆိုင်ရာနှင့် ကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများ၊ သင်တန်းများဖွင့်လှစ်ဆောင်ရွက်နေမှုများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ကယ်ဆယ်ရေးဆောင်ရွက် နေသူများအားအရည်အသွေးမြှင့်တင်ရေးကိစ္စရပ်များ ဝန်ကြီးဌာနမှဖွင့်လှစ်ထားသော … Read more
-
ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ တယ်ကုန်းအုပ်စုအတွင်း ကျေးရွာ (၇) ရွာအတွက် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရန် လိုအပ်သော သွပ်နှင့် ထရံများကွင်းဆင်းဝယ်ယူမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၈) ရက်နေ့တွင် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ တယ်ကုန်းအုပ်စုအတွင်း ကျေးရွာ (၇) ရွာအတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ကြံ့ခိုင်မှုအားနည်းသော အိမ်များကို ပြင်ဆင်ပေးရန် သွပ်နှင့် ထရံများ ကွင်းဆင်းဝယ်ယူခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (မွမ်းမံ)သင်တန်း (၁/၂၀၁၈) ဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (မွမ်းမံ) သင်တန်း (၁/၂၀၁၈) ကို ဖွင့်လှစ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ သင်တန်းသား/သူများ စုစုပေါင်း (၈၀) ဦးတက်ရောက် ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ (၃၁-၃-၂၀၁၈) ရက်နေ့အထိ သင်တန်းကာလ … Read more
-
မြန်အောင်မြို့နယ် မြစ်ကျိုးအုပ်စုအတွင်း လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ကွင်းဆင်းကြည့်၍ စာရင်းကောက်ယူခြင်းနှင့် ပြင်ဆင်ရန် လိုအပ်သော အိမ်ခြေများအတွက် ဝါး၊ ဓနိ၊ သက်ကယ်၊ ထရံများအား ကွင်းဆင်း၍ ဝယ်ယူပေးမှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ် မြစ်ကျိုးအုပ်စုအတွင်း ကျေးရွာပေါင်း (၄) ရွာ အိမ်ထောင်စုပေါင်း (၁၀၀) စုအတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ခိုင်ခံ့မှုအားနည်းသော အိမ်များသို့ ကွင်းဆင်းကြည့်၍ စာရင်းကောက်ယူခြင်းနှင့် ပြင်ဆင်ရန် လိုအပ်သော အိမ်ခြေများအတွက် ဝါး၊ ဓနိ၊ သက်ကယ်၊ ထရံများအား ကွင်းဆင်း၍ ဝယ်ယူပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
-
ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ၌ မုန်တိုင်းအန္တရာယ်နှင့် မိုကြိုးဘေးအန္တရာယ် ဆောင်ရန် ရှောင်ရန်များ ဟောပြောမှုသတင်း
================================================= Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉ – ၃ – ၂၀၁၈) ရက်နေ့တွင် ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ၌ ရွာသူ/ရွာသား (၁၀၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ မုန်တိုင်းအန္တရာယ်နှင့် မိုကြိုးဘေးအန္တရာယ် ဆောင်ရန် ရှောင်ရန်များ ဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေပြီး ရေသန့်ဆေးထုပ်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈) ရက် နေ့တွင် ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ သင်တန်းသား/သင်တန်းသူ (၃၀) ဦးဖြင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းအား ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မြန်အောင်မြို့နယ် တယ်ကုန်းအုပ်စုအတွင်း လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် စာရင်းကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ် တယ်ကုန်းအုပ်စုအတွင်း ကျေးရွာပေါင်း (၇) ရွာ အိမ်ထောင်စုပေါင်း (၂၀၀) စုအတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ခိုင်ခံ့မှုအားနည်းသော အိမ်များသို့ ကွင်းဆင်းကြည့်၍ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။









