Category Archives: News
-
ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၁၈)ရက်နေ့ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့၊ ကွန်ကော်ကျးရွာအုပ်စု၌ ထိတွေ့မှုကြောင့် ကွန်ကော်ကျးရွာအုပ်စုနှင့် ကျောက်မဲကြီးကျေးရွာအုပ်စု၊ ကျေးရွာများမှ ထပ်မံ ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၅၁)စုမှ ကျား(၆၃)ဦး၊ မ(၉၂)ဦး၊ စုစုပေါင်း (၁၅၅)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၂၂)မျိုးတို့အား (၃၀-၃-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၁၈) ရက်နေ့၌ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်တွင် မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် ပျက်စီးခဲ့သည့် မီးဘေးသင့်အိမ်ခြေ (၁၁) လုံး ၊ အိမ်ထောင်စု (၂၁) စု၊ လူဦးရေ (၇၄) ဦးတို့အတွက် (၂၁) အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး ၊ (၂၁) အိမ်ထောင်စုစာ family kits ၊ ဆန်ရိက္ခာဖိုး(၁၅၅၄၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀၀)တို့အား သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကျေးရွာများတွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၁၈)ရက်နေ့တွင် မြန်အောင် မြို့နယ်၊ မြစ်ကျိုးအုပ်စုအတွင်းရှိ မာလကာကုန်းကျေးရွာ၊ မြစ်ကျိုးကျေးရွာ၊ ကြခတ်ကုန်းကျေးရွာများတွင်ရှိသော အိမ်ထောင်စုများ အတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ခိုင်ခံ့မှုအားနည်းသောအိမ်များသို့ ပြင်ဆင်ပေးခြင်းများကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအသင်းတို့နှင့်အတူ ကွင်းဆင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းကျင်းပမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၃-၂၀၁၈) ရက်နေ့မှ (၃၀-၃-၂၀၁၈ ) ရက်ထိ သသဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသားဦးရေ (၅၂) ဦးတက် ရောက်ခဲ့ပြီး (၃၀-၃-၂၀၁၈) ရက်နေ့ (၁၅:၃၀) အချိန်တွင် သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာအုပ်စု၊ ကန့်ဘလူကျေးရွာတွင် (၁၉-၃-၂၀၁၈)ရက်နေ့၌ မီးဘေးသင့်အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ (၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃)သိန်းကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၈၄၀၀/-)ကျပ်၊ ကယ်ဆယ်ရေးရန်ပုံငွေစုစုပေါင်း (၃၀၈၄၀၀/-) ကျပ်တို့အား မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ (၃၀-၃-၂၀၁၈)ရက်နေ့၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးကယ်ဆယ်ရေးစခန်းရှိ ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာ၊ ရွှေထီးရွာမီးဘေးကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွားရောက်၍ လူဦးရေ (၂၀၂)ဦးအတွက် ဆန်ဖိုးငွေ (၄၂၄၂၀၀/-)ကျပ်၊ အိမ်ခြေ(၃၀)၊ တန်လျား(၃)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၃)သိန်း၊ စုစုပေါင်း (၄၇၂၄၂၀၀/-)ကျပ်တိတိအား (၃၀-၃-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) နှင့် အမေရိကန်အထက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီမှတာဝန်ရှိသူတို့မှ လာရောက်တွေ့ဆုံမှုသတင်း
၃၀.၃.၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) နှင့် အမေရိကန်အထက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီ၊ အကြီးတန်းတာဝန်ခံ Ms. Charlotte Oldham-Moore ဦးဆောင်သောအဖွဲ့တို့က အဆိုပါဝန်ကြီးရုံး၌ သီးခြားစီလာရောက် တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် Red Cross Movement အနေဖြင့် ၂၀၁၇ခုနှစ်၊ စက်တင်ဘာလမှစတင်၍ ရခိုင်ပြည်နယ်အတွင်း နေရပ် စွန့်ခွာရွှေ့ပြောင်းသူများအား လူသားချင်းစာနာကူညီမှု လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့မှုများ၊ စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း Red Cross Movement … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထိုင်းနိုင်ငံ၊မဲဆောက်မြို့Tak ခရိုင်တွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတွင် သေဆုံးသူနှင့်ဒဏ်ရာရသူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
၃၀.၃.၂၀၁၈၊ နေပြည်တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ပလုပ်ကိုင်ခွင့်လိုင်စင်ရ Stars Pioneer Co.,Ltd ၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ Tomy (Thailand) Co.,Ltdတွင် သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား (၁၈၆)ဦးသည် မြဝတီမြို့မှ တစ်ဆင့် လုပ်ငန်းခွင်သို့ မော်တော်ယာဉ်(၄)စီးဖြင့် သွားရောက်ရာ မော်တော်ယာဉ် အမှတ် IO-3824 သည် (၃၀-၃-၂၀၁၈)ရက်နေ့၊ နံနက် (၂) နာရီအချိန်ခန့်တွင် မဲဆောက်မြို့အလွန် Tak ခရိုင်အနီး တောင်ပေါ်အဆင်းလမ်းတွင် ကားမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အမျိုးသား (၂)ဦး၊ အမျိုးသမီး(၁၈)ဦး စုစုပေါင်း … Read more
-
ငလျင်ဘေးအသိပညာပေးဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၈) ရက်နေ့့့၌ ကလေးမြို့နယ်၊ ကျီကုန်းကျေးရာအုပ်စု၊ ဖောင်ကူးကျေးရွာသစ်တွင် ငလျင်ဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သားများ စုစုပေါင်းလူဦးရေ (၆၄) ဦးတက် ရောက်ခဲ့ပြီး တက်ရောက်လာသူူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဗန်းမော်မြို့နယ် လက်ပံတန်းကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= (၃၀-၃-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ် လက်ပံတန်းကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု (၁) စုမှ လူဦးရေ (၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁) သိန်းနှင့် ဆန်ရိက္ခာဖိုးငွေ (၁၆၈၀၀) ကျပ်တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။









