Category Archives: News
-
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများနှင့် မြောင်းမြတံတားကျိုးကျမှုကြောင့် သေဆုံးသူ(၂)ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုအခြေအနေ
=============================================== မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်း (၁-၄-၂၀၁၈)ရက်နေ့ (၂၀း၃၀)အချိန်ခန့်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပွားခဲ့ရာ ကြာကန်ကျေးရွာ၌ နေအိမ် (၃၂)လုံး ပြိုကျပျက်စီးကာ နေအိမ်(၁၁၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၄၄)စုမှ လူဦးရေ (၆၃၅)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ရသည့်အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများက (၂-၄-၂၀၁၈)ရက်နေ့တွင် လေပြင်းဒဏ်ခံခဲ့ရသည့် ကြာကန် ကျေးရွာသို့ သွားရောက်၍ တန်ဖိုးငွေ(၂,၅၉၆,၄၁၆ိ/-)ရှိ ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်ရိက္ခာဖိုးငွေ (၁,၃၃၃,၅၀၀ိ/-)၊အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇,၈၂၀,၀၀၀ိ/-)၊ ငွေသားနှင့်ပစ္စည်းတန်ဖိုးစုစုပေါင်း (၁၁,၇၄၉,၉၁၆ိ/-) (ကျပ်တစ်ရာတစ်ဆယ့်ခုနစ်သိန်း လေးသောင်းကိုးထောင်ကိုးရာတစ်ဆယ့်ခြောက် တိတိ)အား ထောက်ပံ့ပေးခဲ့ပါသည်။ (၁-၄-၂၀၁၈)ရက်နေ့ (၀၁း၄၅)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားDr.SurakiartSathirathai ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များအပေါ် အကောင်အထည်ဖော်ဆောင်ရေးကော်မတီအကြံပေးအဖွဲ့မှ လာရောက်တွေ့ဆုံ
၂-၄-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီအကြံပေးအဖွဲ့ဥက္ကဌ Dr. SurakiartSathirathai ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလကပထမဆုံးတွေ့ဆုံသည့် အစည်းအဝေးတွင် တင်ပြခဲ့ သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုဆိုင်ရာ နောက်ဆုံးလုပ်ငန်း တိုးတက်မှုအခြေအနေများ၊ အကြံပေးကော်မတီကထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ကနဦး အကြံပြုမှုအနေဖြင့် ဆောင်ရွက်သင့်သည့်အချက်များ၊ဖော်ထုတ်တင်ပြခဲ့ရာယင်းတို့အနက် ရခိုင်ပြည်နယ် ကိစ္စအားဆောင်ရွက်ရာတွင် အဆင့်တိုင်းရှိ ပါဝင်ပတ်သက်သူများနှင့်ဆွေးနွေးရေး၊ လူသားချင်းစာနာမှု အကူအညီအပြည့်အဝရရှိစေရေး၊ မီဒီယာများသတင်းရယူနိုင်ရေးနှင့် … Read more
-
ဒက္ခိဏသီရိမြို့နယ်၊ သီရိမင်္ဂလာကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃၁-၃-၂၀၁၈) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်းနှင့် မိုးသီးကြွေကျခြင်းတို့ကြောင့် ဒက္ခိဏသီရိမြို့နယ်၊ သီရိမင်္ဂလာကျေးရွာ၌ နေအိမ် (၂၁) လုံး ပြိုကျပျက်စီးခဲ့ခြင်းနှင့် နေအိမ် (၂၇) လုံးနှင့် ဘာသာရေးအဆောက်အဦ (၂) လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ် ထောင်စု (၄၈) စုမှ လူဦးရေ (၂၂၇) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်းနှင့် ရွှေခဲအင်းကျေးရွာ၌ လူနေအိမ် (၁)လုံး ပြိုကျပျက်စီးပြီး နေအိမ် … Read more
-
ငလျင်အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၁၈)ရက်နေ့ နံနက် (၁၀း၃၀)နာရီမှ (၁၃း၀၀)နာရီထိ မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာအုပ်စု ထော်သာကျေးရွာတွင် ပြန်/ဆက်ဦးစီးဌာန၊ မိုးဇလဦးစီး ဌာန စားသုံးသူရေးရာတို့နှင့်ပူးပေါင်း၍ လူဦးရေ (၇၀)ဦးအား ငလျင်အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၁၈)ရက်နေ့တွင် သောက်သုံး ရေရှားပါးသော ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာအုပ်စု၊ သုံးမွှာတာချောင်းကျေးရွာမှ အိမ်ထောင်စု(၆၂)၊ အိမ်ခြေ(၆၂)၊ လူဦးရေ(၃၆၂)ဦးအတွက် သောက်သုံးရေ ဂါလံ(၃၄၀၀)အား အာယုသုခဦးဆောင် ဆရာတော်ဦးပညာဇောတ (ပခုက္ကူမြို့အာယုသု ခရေကုသိုလ်တော်ယာဉ်)၊ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း ရေအလှူကား၊ ပုညမုဒိတာ (ကျန်းမာရေး စောင့်ရှောက်မှုနှင့် သွေးလှူအသင်း)လူမှုကူညီရေးအသင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်၍ သွားရောက်ထောက်ပံ့ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ((၃၁-၃-၂၀၁၈) ရက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ နယ်၊ လျော်ဖြူကျေးရွာ၊ ထောက်ရှာကျေးရွာနှင့် အုန်းတင်ကျေးရွာတို့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင် ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၁၈) ရက်နေ့တွင် မြောင်းမြ ခရိုင်၊ ပဒေသာကုန်းကျေးရွာအုပ်စု ပဒေသာကုန်းကျေးရွာ၌ ပြည်သူလူထု (၈၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး သဘာဝဘေးဗွီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၁၈) ရက်နေ့တွင် မြောင်းမြ ခရိုင်၊ စံအိပ်ကျေးရွာအုပ်စု စံအိပ်ကျေးရွာ၌ ပြည်သူလူထု (၇၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးဗွီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၁၈) ရက် နေ့တွင် ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ သပြေကုန်းနှင့် ထိန်ပင်ကျေးရွာအုပ်စုများတွင် လေပြင်းဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော နေအိမ်များပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းလုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ ဝင်များ၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
အာဆီယံဘေးအန္တရာယ်တုံ့ပြန်ရေးနှင့်ဆန်းစစ်လေ့လာရေးအဖွဲ့၏ (၇)ရက်လုပ်ငန်းဝင်သင်တန်း၊ သင်တန်းဆင်းပွဲကျင်းပပြုလုပ်မှုသတင်း
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်၊ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပြုလုပ်သည့် အာဆီယံဘေးအန္တရာယ်တုံ့ပြန်ရေးနှင့်ဆန်းစစ်လေ့လာရေးအဖွဲ့၏ လုပ်ငန်းဝင်သင်တန်းကို နေပြည်တော်တွင်(၂၆-၃-၂၀၁၈)ရက်နေ့မှ (၁-၄-၂၀၁၈)ရက်နေ့အထိ(၇)ရက်ကြာကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းအတွက် စာသင်ခန်းတွင်း သင်ကြားလေ့ကျင့်ဆွေးနွေးမှုများကို နေပြည်တော်၊ Aureum Place Hotel တွင် လည်းကောင်း၊ သင်တန်း၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် အာဆီယံအဆင့်အရေးပေါ်တုံ့ပြန်မှုများလက်တွေ့နိုင်ရန် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုကို ငလိုက်ကန်သာအပန်းဖြေစခန်းတွင် လည်းကောင်းကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်း(၇)ရက်ပြည့်မြောက်သည့် (၁-၄-၂၀၁၈)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် အဆိုပါ လုပ်ငန်းဝင်သင်တန်းဆင်းပွဲ အခမ်းအနားကို ငလိုက်ကန်သာအပန်းဖြေစခန်းတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက်အမှာ စကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးမှ … Read more









