Category Archives: News
-
လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိ သူ များသည် လယ်ဝေးမြို့နယ်၊ ငှက်ပျောတောကျေးရွာ၌ (၂-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေးဘေး ကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁၃) လုံးအတွက် တစ်အိမ်လျှင် (၅၀,၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၆၅၀,၀၀၀ိ/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၄) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၈၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၇၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၅၇,၅၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၇) … Read more
-
မကွေးမြို့နယ်၊ ဖိုလေးလုံးကျေးရွာ၊ လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= မကွေးမြို့နယ်၊ ဖိုးလေးလုံးကျေးရွာ၌ (၁-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် အိမ်ခြေ (၄) လုံး လူဦးရေ (၁၅) ဦး လေဘေးသင့်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေပြင်းဘေးသင့် ဘုန်းတော်ကြီးကျောင်းအတွက် (၁) သိန်းကျပ်၊ အိမ်ခြေ (၄) လုံးအတွက် (၁) အိမ်လှျှင် (၆၀၀၀၀ိ/-) နှုန်းဖြင့် (၂၄၀၀၀၀ိ/-) ၊ လူဦးရေ (၁၅) … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား နယူးယောက်မြို့၊ ကုလသမဂ္ဂ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံမှုသတင်း
================================================= ၃-၄-၂၀၁၈ နေပြည်တော် ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ The United Nations Office for the Coordination of Humanitarian Affairs(OCHA) မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးဖြစ်သူ Ms. Ursula Mueller ဦးဆောင်သောအဖွဲ့မှ (၃-၄-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသု့ိတွေ့ဆုံရာတွင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသော အစိုးသစ်အနေဖြင့် … Read more
-
လယ်ဝေးမြို့နယ်၊ အမှတ် (၄) ရပ်ကွက် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================= (၂-၄-၂၀၁၈) ရက်နေ့ (၁၅း၃၀) နာရီအချိန်တွင် လယ်ဝေးမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊အိမ်ဆောက်ပစ္စည်းဖိုး (သက်ကယ်မိုး၊ ထရံကာ) (၂) အိမ် (၂လုံးx၅၀၀၀၀/ိ-) (၁၀၀၀၀၀/ိ-) ကိုလည်းကောင်း၊ လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၅၂၀၀/ိ-) … Read more
-
အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေကျခြင်းတို့ကြောင့် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်အတွင်း ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================= ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း (၃၁-၃-၂၀၁၈) ရက်နေ့ (၁ရး၃၀) အချိန်ခန့်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေကျခြင်းတို့ဖြစ်ပွားခဲ့ရာ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်အတွင်းရှိ သစ်ပင်ပိ ပြိုလဲပျက်စီးနေအိမ် (၁) လုံးနှင့် အမိုးလန်အိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅) သိန်းနှင့် လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၀၃၀၀) ကျပ်အား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် (၂-၄-၂၀၁၈) … Read more
-
အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေကျခြင်းတို့ကြောင့် ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်အုပ်စု၊ သဲဖြူတဲစုကျေးရွာမှ ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================= ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း (၃၁-၃-၂၀၁၈) ရက်နေ့ (၁ရး၃၀)အချိန်ခန့်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေကျခြင်းတို့ဖြစ်ပွားခဲ့ရာ ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်အုပ်စု၊ သဲဖြူတဲစုကျေးရွာ၌ နေအိမ် (၃) လုံး ပြိုကျပျက်စီးကာ အိမ်ခြေ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၂) ဦး ဘေးဒုက္ခကြုံတွေ့ခံစားခဲ့ရသဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃) သိန်း၊ ဆန်ရိက္ခာဖိုးငွေ (၂၅၂၀၀) ကျပ်နှင့် … Read more
-
မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၌ (၂-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်၊ Family Kit (၁) ထုပ်၊ ပလပ်စတစ်ရေပုံး (၂) ပုံးနှင့် လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀ိ/-) ကျပ်တို့ အား (၃-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ကြာကန်ကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ၌ (၁-၄-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၄၄) လုံး ပျက်စီးခဲ့ပါသည်။ အဆိုပါ လေဘေးသင့် လုံးဝပျက်စီးနေအိမ် (၃၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး (၃၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၂၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၄၂) လုံးအတွက် တစ်အိမ်လျှင် (၆၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၂,၅၂၀,၀၀၀ိ/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၇၀) လုံးအတွက် တစ်အိမ်လျှင် (၃၀,၀၀၀ိ/-) … Read more
-
မြန်အောင်မြို့နယ်၊ ဌက်ကြီးကွင်းကျေးရွာအုပ်စု၊ မှန်တန်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= မြန်အောင်မြို့နယ်၊ ဌက်ကြီးကွင်းကျေးရွာအုပ်စု၊ မှန်တန်းကျေးရွာ၌ (၂၆-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ၃ သိန်း၊ ဆန်ရိက္ခာဖိုး ၁၂၆၀၀ ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၁၂၆၀၀) ကျပ်တို့ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄ -၂၀၁၈) ရက်နေ့တွင် ဘေးဖြစ်ပွားခဲ့သည့်နေရာသို့ သွားရောက်ကာ ဘေးသင့်ပြည်သူများ၏ … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၁၈) ရက်နေ့တွင် ဘုတလင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ကွမ်းအုံကျေးရွာနှင့် ပဲပြစ်တော(အရှေ့) ကျေးရွာတို့ တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)









