Category Archives: News
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၁၈) ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ အဂ္ဂရာအုပ်စု၊ လယ်ကြားကုန်းကျေးရွာနှင့် ထန်းတပင်အုပ်စု၊ ထန်းတပင်ကျေးရွာတို့တွင် လေဘေးသင့် အမိုးလန်နေအိမ် (၈)လုံး အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၈၆၅၀၀/-)ကျပ်တို့အား (၅-၄-၂၀၁၈) ရက်နေ့တွင် ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျိုးကျေးရွာအုပ်စု၊ နမ့်ဆီး(လားဟူ)ကျေးရွာ လေဘေးထောက်ပံ့မှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာချီလိတ် မြို့နယ်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျိုးကျေးရွာအုပ်စု၊ နမ့်ဆီး(လားဟူ) ကျေးရွာ၌ (၂-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၃) လုံးအတွက် တစ်အိမ်လျှင် (၁၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၃၀၀,၀၀၀ိ/-) ကျပ်အား (၄-၄-၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ဇရပ်ဆိပ်ကျေးရွာနှင့် ပလမြို့အမှတ် (၁) (၂) (၃) နှင့် (၄) ရပ်ကွက်များအတွင် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= (၁-၄-၂၀၁၈) ရက်နေ့တွင် မြိတ်ခရိုင် ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာအုပ်စု ဇရပ်ဆိပ်ကျေးရွာနှင့် ပလမြို့အမှတ် (၁) (၂) (၃) နှင့် (၄) ရပ်ကွက်များ၌ လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(ဓနိမိုး ယိုင်ကာ ပျဉ်ခင်း) (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေ (၉၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၉) စုမှ လူဦးရေ (၅၁) ဦးအတွက် ဆန်ဘိုး (၇) ရက်စာ ထောက်ပံ့ငွေ (၁၀၇၁၀၀) ကျပ် … Read more
-
လယ်ဝေးမြို့နယ် ညိုပင်ကျေးရွာ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လယ်ဝေးမြို့နယ်၊ ညိုပင်ကျေးရွာ လေဘေးသင့် ပြိုလဲနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၃၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၅၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၄၀၀,၀၀၀ိ/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၅) … Read more
-
လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လယ်ဝေးမြို့နယ်၊ ပတောက်ချောင် အုပ်စု၊ ပတောက်ချောင်ကျေးရွာ၌ ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၆) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုး၊ (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၅၀,၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၃၀၀၀၀၀ိ/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ (၅) … Read more
-
မအူပင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ မီးဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်းထောက်ပံ့မှုသတင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ၌ (၂-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား (၃-၄-၂၀၁၈) ရက်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ကြခတ်ကွင်းကျေးရွာအုပ်စု၊ ရင်းတိုက်ကုန်းကျေးရွာ၌ (၂၄-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေး ကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၅) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၁၀,၅၀၀ိ/-) ကျပ်တို့အား(၂ – ၄ -၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် … Read more
-
ဟားခါးမြို့နယ်၊ ဈေးသစ်ရပ်ကွက် မီးဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= (၂-၄-၂၀၁၈) ရက်နေ့တွင် ဟားခါးမြို့နယ်၊ ဈေးသစ်ရပ်ကွက်၊ သီတာလမ်းသွယ်၊ အိမ်အမှတ် (ဈသ/၄၀၇)၊ ဦးလိန်းနိုင်း၏ (၃၀×၂၀) ပေ၊ အုပ်ညှပ် (၂) ထပ်နေအိမ်၌ တယ်လီဖုန်း အားသွင်းရာမှ အပူလွန်ကဲ၍ မျက်နှာကျက်မီးလောင်ကျွမ်းခဲ့ပြီး၊ ၎င်းတစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ၁၀၀၀၀၀ ကျပ်၊ ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၁၀၅၀၀) ကျပ်၊ စုစုပေါင်း (၁၁၀၅၀၀) ကျပ်နှင့် … Read more
-
လေဘေးသင့်ကျေးရွာများအား ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင် ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ၊ အမိုးလန်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀ိ/-) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၆၂,၆၀၀)ကျပ်အားလည်းကောင်း၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး(၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် … Read more
-
လေဘေးသင့်သာသာရေးကျောင်းနှင့် လေဘေးသင့်ကျေးရွာများအား ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လယ်ဝေးမြို့နယ်အတွင်း (၂-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သပြေပင် ကျေးရွာ၌ လေဘေးသင့်ပြိုလဲနေအိမ် (၂)လုံးအတွက် တစ်အိမ်လျှင် (၁၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၄) လုံးအတွက် တစ်အိမ်လျှင် (၅၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀ိ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၈) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၁၆၀,၀၀၀ိ/-) ကျပ်၊ ပြိုလဲ (၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ … Read more