Category Archives: News
-
ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုကိန်းဂဏန်းအချက်အလက်ကောက်ယူသည့်ပုံစံနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ကနဦးဆန်းစစ်ချက် (Mobile Application) အသိပေးမိတ်ဆက်တင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၁၈)ရက်နေ့ (၀၉း၃၀)နာရီတွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် IOM အဖွဲ့အစည်းတို့ပူးပေါင်းပြီး မြို့နယ်ဘေးအန္တရာယ် ကြောင့် ပျက်စီးဆုံးရှုံးမှုကိန်းဂဏန်းအချက်အလက်ကောက်ယူသည့်ပုံစံနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုကနဦးဆန်းစစ်ချက် (Mobile Application) အသိပေးမိတ်ဆက်တင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ NGOs, INGOs များ၊ လူမှုအဖွဲ့အစည်းများ၊ စုစုပေါင်းအင်အား (၅၀)ဦးတက်ရောက်ခဲ့ပြီး မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင် (၁၆)ဦးအတွက် Mobile Application အသုံးပြုနိုင်ရေး Samsung Tabelet J (၁၆)လုံး ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: … Read more
-
သဘာဝဘေးတုံ့ပြန်မှုဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း ပူးပေါင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၁၈)ရက်နေ့ (၀၉း၀၀)နာရီအချိန် တွင် စစ်တွေမြို့၊ မင်းသူရိယခန်းမ၌ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် UNOCHA အဖွဲ့အစည်းတို့ ပူးပေါင်းပြီး သဘာဝဘေး တုံ့ပြန်မှုဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း ပူးပေါင်းအလုပ်ရုံဆွေးနွေး ပွဲအား ပြည်နယ်အဆင့်/ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ NGOs, INGOs၊ လူမှုရေးအဖွဲ့အစည်းများ၊ စုစုပေါင်း အင်အား(၆၅)ဦးဖြင့်ပြုလုပ်ခဲ့ရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်မှ အဖွင့်မိန့်ခွန်းစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကနီမြို့နယ်၊ မဲပင်(မြောက်)ကျေးရွာ၊ ကျော်ရွာနှင့် ရသာရာကျေးရွာတို့၌ (၃-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော လေဘေးသင့်အိမ်ခြေ (၁၀) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၀) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၂၀,၀၀၀ိ/-) ကျပ်တို့အား (၄-၄-၂၀၁၈) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မအူပင်ခရိုင်ရုံးမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၆)၇ပ်ကွက်၊ ဈေးဦးနောက်လမ်းတွင် (၂၆-၃-၂၀၁၈)၇က်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၆)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၂၀၀၀၀၀ိ/-)၊ အိမ်ထောင်စု(၅)စုမှ ကျား(၁၀)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်းလူဦးရေ (၂၂)ဦးစာအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၄၆၂၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၂၄၆၂၀၀ိ/-)(ကျပ်တစ်ဆယ့်နှစ်သိန်းလေးသောင်းခြောက်ထောင့်နှစ်ရာ)ကျပ် တိတိအား (၅-၄-၂၀၁၈)ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူ များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြန်မာနိုင်ငံအမျိုးသမီးရေရာအဖွဲ့ချုပ် နှစ်ပတ်လည်အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဂုဏ်ပြုအမှာစကားပြောကြား
၅-၄-၂၀၁၈၊ နေပြည်တော် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်ပတ်လည်အစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့၊ သီရီရတနာခန်းမ၌ကျင်းပပြုလုပ်ရာမြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်ပတ်လည်အစည်း အဝေးအခမ်းအနားတွင် ဂုဏ်ပြုအမှာစကားပြောကြားရသည့်အတွက် လွန်စွာဝမ်းမြောက်ပါကြောင်း၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ၁၉၉၆ခု၊ ဇူလိုင် (၃) ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှ နိုင်ငံအလိုက် အမျိုးသမီးများ၏အရေးကို ဆောင်ရွက်မှုများနည်းအတိုင်း မြန်မာနိုင်ငံ အမျိုးသမီး … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၈) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၀:၄၅) နာရီအချိန်အထိ ကလေးမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကလေးမြို့နယ်အတွင်းရှိ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူး (၆၃) ဦးအား သဘာဝ ဘေးစီမံခန့်ခွဲမှုနှင့် ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအား ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၈)ရက်နေ့ နေ့လည်(၂း၀၀)နာရီ အချိန်တွင် ရွှေကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ရွှေကူမြို့နယ်ဦးစီးမှူးရုံးဆိုင်းဘုတ်အား အမွှေးနံသာများပက်ဖြန်း၍ ဖွင့်လှစ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာန ဆိုင်ရာများဝန်ထမ်းများ (၃၀) ဦးတက်ရောက်ခဲ့ပြီး ဘေးအန္တရာယ်နှင့်ပတ်သက်သည့် နံရံကပ်ပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အင်္ဂပူမြို့နယ်၊ ညောင်ကျိုးကျေးရွာအုပ်စု၊ ညောင်တုန်းလဲကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ညောင်ကျိုးကျေးရွာအုပ်စု၊ ညောင်တုန်းလဲကျေးရွာ၌ (၄-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၂၇) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၅) အိမ်ထောင်စာအား (၅-၄-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
” ထူးခြားမိုးလေဝသအခြေအနေ သတင်း”
(မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၃/၂၀၁၈) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် မိုးလေဝသတိုင်းထွာချက် များအရ အနောက်ဘက်မှ လာသောလေအေးများနှင့် ဘင်္ဂလား ပင်လယ်အော်မှလာသော လေနွေးများစုဆုံမှုကြောင့် (၇.၄.၂၀၁၈) ရက်နေ့မှ (၁၀.၄.၂၀၁၈)ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေ သကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။
-
‘မသန်စွမ်းအကျုံးဝင်သော ဘေးအန္တရာယ်လျော့ပါးရေးစီမံကိန်း မိတ်ဆက်ပွဲအခမ်းအနား’သို့တက်ရောက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၈) ရက်နေ့တွင် ဘားအံမြို့ တော်ဝင်ရတနာဟိုတယ်၌ Maltser International အဖွဲ့အစည်းနှင့်ပူးပေါင်းပြုလုပ်သော ‘မသန်စွမ်းအကျုံးဝင်သော ဘေးအန္တရာယ် လျော့ပါးရေးစီမံကိန်းမိတ်ဆက်ပွဲအခမ်းအနား’ သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါမိတ်ဆက်ပွဲအခမ်းအနားတွင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









