Category Archives: News
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့၊ အောင်မင်္ဂလာရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့၊ အောင်မင်္ဂလာရပ်ကွက်၌ (၂၄-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်ခဲ့သော ဒက္ခိဏရာမကျောင်းတိုက် အနောက်ဘက်ကျောင်းဆောင်ဟောင်း မီးလောင်မှု အတွက် ထောက်ပံ့အလှူငွေ (၃၀၀,၀၀၀ိ/-) ကျပ်အား (၉-၄-၂၀၁၈) ရက်နေ့တွင် ဆင်ဘိုမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အမှတ်(၁)ရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၌ (၃-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးနှင့် (၃၂) မျိုးပါ Relief Kit ပုံး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ(၁၄,၇၀၀ိ/-) ကျပ်တို့အား (၉-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ … Read more
-
ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ အတွင်းရေကျော်ကျေးရွာအုပ်စု၊ ကျုံလမုကျေးရွာမှ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၉-၄-၂၀၁၈) ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ အတွင်းရေကျော်ကျေးရွာအုပ်စု၊ ကျုံလမုကျေးရွာမှ လေဘေးသင့် အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု (၄) စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၁၀) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၅၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)စာ (၃၃,၆၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈၃,၆၀၀ိ/-)ကျပ်တို့အား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ရှမ်းပြည်နယ် မြောက်ပိုင်းမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
၉-၈-၂၀၁၈ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းကရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးခရိုင်၊ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးခန်းမ၌ ပြုလုပ်သော ပြည်နယ်ဒုတိယအဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ပြည်သူများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရ အနေဖြင့် တစ်နိုင်ငံလုံးတရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ရင်ကြားစေ့ ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့ကို ကြိုးစားဆောင် ရွက်လျက်ရှိရာမိမိတို့ဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားအများစုနေထိုင်သော ပြည်နယ်များ၌ ငြိမ်းချမ်းရေး၏ အခြေခံ ဖြစ်သောလူမှုဖွံ့ဖြိုးတိုးတက်ရေးကို သာတူညီမျှရရှိရန် … Read more
-
မြောက်ဥက္ကလာပမြို့နယ်အတွင်း လေပြင်းဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= (၇-၄-၂၀၁၈) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်အတွင်း လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဓာတ်တိုင်များလဲခြင်း၊ သစ်ပင်များ ကျိုးကျခြင်းတို့ကြောင့် နေအိမ်များပိခြင်း၊ နေအိမ်များ အမိုးလန်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး နေအိမ် (၃၇) လုံး ပျက်စီးခဲ့၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေကျပ် (၂၄,၉၄,၀၀ဝိ/) နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမိုးသွပ် (၉၂၃) … Read more
-
မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ရေပုန်းရပ်ကွက်၊ စည်ပင်သာယာလမ်း မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ရေပုန်းရပ်ကွက်၊ စည်ပင်သာယာလမ်း၌ (၇-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၁၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁၀) အိမ်ထောင်စုစာအား (၇-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်များကို ပံ့ပိုးကူညီဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ရောက်ရှိ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ရှိ ဗဟိုသာသနာပြုကျောင်း ဆရာတော်ထံ သို့သွားရောက်ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ရုံးတွင် ဒေသဥက္ကဌ ဦးကျောက်ထယ်ချန် ဦးဆောင်သော ဦးစီး အဖွဲ့များနှင့် တွေ့ဆုံရာ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို ပထမဦးစားပေးအနေဖြင့်ဆောင်ရွက်နေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ကိုလည်း တပြိုင်တည်းဆောင်ရွက်ပြီဖြစ်ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ၏ ပြည်ထောင်စု၏ … Read more
-
မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ အခြေခံစားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှူဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၈) ရက်နေ့တွင် UEHRD စေနာ့ဝန်ထမ်းလူငယ်အစီအစဉ် (၅) ကြိမ်မြောက်နှင့် (၆) ကြိမ်မြောက်အကြား လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဆက်မပြတ်စေရေးအတွက် မောင်တောမြို့နယ် မင်္ဂလာကြီးကျေးရွာအုပ်စု၊ သာဇေကျေးရွာနှင့် မီးကျောင်းတက်ကျေးရွာ၊ ရွာပေါင်း (၂) ရွာမှ အိမ်ထောင်စု (၂၃၂) စု၊ လူဦးရေ (၁၄၉၃) ဦးအား ဆန် (၄၆၆) အိတ်၊ (၁၃) ပြည်၊ (၄) ဘူး၊ ဆီ (၅၅၉.၈၇၅) ပိဿာ၊ ပဲ (၂၂၃၉.၅) ပိဿာ၊ ဆား … Read more
-
ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ အခြေခံစား နပ်ရိက္ခာများ ထောက်ပံ့ပေးနေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှူဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၄-၂၀၁၈) ရက်နေ့ တွင် UEHRD “စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ်” (၅) ကြိမ်မြောက်နှင့် (၆) ကြိမ်မြောက်အကြား လူသားချင်းစာနာထောက်ပံ့မှုအကူအညီ အဆက်မပြတ်စေရေးအတွက် ဘူးသီးတောင်မြို့နယ် ငါးရံ့ချောင်းကျေးရွာအုပ်စု၊ ပေါက်တောပြင်(ဘင်္ဂါလီ)ကျေးရွာ၊ ပေါက်တောပြင်(ဟိန္ဒူ)ကျေးရွာ၊ ကျီနှတ်သီး(ဘင်္ဂါလီ)ကျေးရွာနှင့် ငါးရံ့ချောင်း(ဘင်္ဂလီ)ကျေးရွာ၊ စုစုပေါင်းကျေးရွာ (၄) ရွာရှိ အိမ်ထောင်စု(၂၂၅)စုမှ လူဦးရေ(၁၂၅၇)ဦးတို့အတွက် အခြေခံစားနပ်ရိက္ခာ (၁)လစာ ဆန်(၃၉၂)အိတ် (၁၉)ပြည်(၄)ဘူး။ ဆီ (၄၇၁.၃၇၅)ပိဿာ။ ပဲ (၁၈၈၅.၅)ပိဿာ။ ဆား (၉၄.၁၇၅)ပိဿာ တို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ စင်ပုံကျေးရွာအုပ်စုနှင့် မြောက်ခရမ်းကျေးရွာအုပ်စုတို့တွင် (၁/၂.၄.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ခြေ(၁၆)လုံး၊ အိမ်ထောင်စု(၁၆)စု၊ လူဦးရေ(၆၈)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၄၀၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၄၂၈၀၀ိ/-) ကျပ်တို့အားလည်းကောင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ယင်းမာကျေးရွာအုပ်စုနှင့် ပြင်သာကျေးရွာအုပ်စုတို့တွင် (၃-၄-၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်အိမ်ခြေ(၁၂)လုံး၊ အိမ်ထောင်စု(၁၂)စု၊ လူဦးရေ(၄၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး(၄၈၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၉၀၃၀၀ိ/-)ကျပ် စုစုပေါင်း (၁၂၅၃၁၀၀ိ/)(ကျပ်တစ်ဆယ့်နှစ်သိန်းငါးသောင်းသုံးထောင့်တစ်ရာကျပ်တိတိ) … Read more









