Category Archives: News
-
လေဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုကယ်ဆယ် rescue (ရွှေတောင်) အဖွဲ့တို့ ပူးပေါင်း၍ (၂၆ – ၃ – ၂၀၁၈) ရက်နေ့တွင် ပြည်ခရိုင် ၊ ရွှေတောင် မြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၊ ရွှေဂူကျေးရွာ၌ ကြံ့ခိုင်မှုအားနည်းသောအိမ်များအား သွပ်နန်းကြိုးများချဉ်ပေးခြင်း၊ အမိုးများမိုးပေးခြင်း၊ အကာအရံများကာပေးခြင်းတို့ ဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင် ကျေးရွာ၌ (၂ – ၄ – ၂၀၁၈) ရက်နေ့တွင် မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ ပျက်စီးဆုံး ရှုံးခဲ့ရသော မီးဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက် ပစ္စည်းရန်ပုံငွေ (၁၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၁) ဦးစာအတွက် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀)ကျပ်၊ စုစုပေါင်း (၁၀၂၁၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ရွှေတောင်မြို့နယ်၊ သောင်ပြင်ကုန်းအုပ်စု၊ ကန့်လန့်ကုန်းရွာ၌ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သောင်ပြင်ကုန်းအုပ်စု၊ ကန့်လန့်ကုန်းရွာ၌ (၃၀-၃-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ် (၁၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၀၀၀၀၀) ကျပ်တိတိအား (၁၁-၄-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ရွှေတောင်မြို့နယ်ထွေ/အုပ်သို့ သွားရောက်၍ ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ညောင်ကျိုးကျေးရွာအုပ်စု၊ ညောင်တုန်းလဲကျေးရွာ၌ (၄-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသောမီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၅)လုံး၊ အိမ်ထောင်စု (၅)စု၊ လူဦးရေ (၂၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈)သိန်း၊ ဆန်ရိက္ခာဖိုး (၅၆၇၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၈၅၆၇၀၀/-)ကျပ်တို့ိုအား (၁၀-၄-၂၀၁၈)ရက်နေ့တွင် ဘေးဖြစ်ပွားခဲ့သည့်နေရာသို့သွားရောက်ကာ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၈)ရက်နေ့၌ ဖြူးမြို့နယ်၊ ဘုရားလဟာကျေးရွာအုပ်စု၊ ဘုရားလဟာကျေးရွာတွင် ဖြစ်ပွားသောလေဘေးမှ အမိုးလန်နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၄၈၀၀၀၀/-)ကျပ်အား (၁၀-၄-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၁၈)ရက်နေ့၌ ဖြူးမြို့နယ်၊ညောင်ပင်သာကျေးရွာအုပ်စု၊ ရွာမကျေးရွာနှင့် ဂုံမင်းကွင်းကျေးရွာတွင်ဖြစ်ပွားသော မိုးကြိုးဘေးမှသေဆုံးသူ (၂)ဦး၊ ဒဏ်ရာရသူ (၁)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ (၆၅၀၀၀၀/-)တို့ကျပ်အား (၁၀-၄-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည် ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံ စံလုပ်ငန်း အစီအစဉ်စာအုပ် မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
================================================= ၁၀-၄-၂၀၁၈ နေပြည်တော် ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (အိုင်အိုအမ်)တို့ ပူးပေါင်း၍ “မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာနှစ်နိုင်ငံ စံလုပ်ငန်းအစီအစဉ် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား” ကို နေပြည်တော် Parkroyal ဟိုတယ်တွင် (၁၀-၄-၂၀၁၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်၍ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
(၂၇ – ၃ – ၂၀၁၈) ရက်နေ့တွင် မိုးမောက်မြို့နယ်၊ ဂွယ်ကထောင်ကျေးရွာနှင့် (၅ – ၄ – ၂၀၁၈) ရက်နေ့တွင် မိုးမောက်မြို့နယ်၊ ကျခမ်းဒပ်ကျေးရွာတို့၌ မီးဘေးသင့်မှုဖြစ်ပွား ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၁၀ – ၄ – ၂၀၁၈) ရက်နေ့တွင် မီးဘေးသင့်အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၂) ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပလပ်စတစ်ပုံး (၂) … Read more
-
ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးဖွင့်လှစ်မှုသတင်း
(၁၀-၄-၂၀၁၈) ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင် ဦးစီးမှူးရုံးသစ်ဖွင့်ပွဲကို ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးဦးစီးမှူးတို့ မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမော်ကွန်းကြေးပြားအား အမွှေးနံ့သာများပတ်ဖျန်း၍ ဖွင့်လှစ်ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
UEHRD စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ် (၅) ကြိမ်မြောက်နှင့် (၆) ကြိမ်မြောက်အကြား လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဆက်မပြတ်စေရေးအတွက် ကျေးရွာပေါင်း (၁၀) ရွာမှ အိမ်ထောင်စု များအတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် UEHRD စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ် (၅) ကြိမ်မြောက်နှင့် (၆) ကြိမ်မြောက်အကြား လူသားချင်းစာနာ ထောက်ပံ့မှုအကူအညီများ အဆက်မပြတ်စေရေးအတွက် မောင်တောမြို့နယ်၊ မြောက်ပိုင်းသစ်တုံးနားခွ ဆုံကျေးရွာအုပ်စုအတွင်းမှ သစ်တုံးနားလေးမြို့ရွာ၊ ဘန်ဒိုက်ရွာ၊ ခရုချောင်းရွာ၊ ကုန်းရွာ၊ မျောက်ခေါင်း တောင်ရွာ၊ ပန်းချောင်းရွာ၊ အင်းချောင်းအထက်ရွာ၊ အင်းချောင်းအောက်ရွာ၊ ကျောက်လုံးရွာ၊ ပျာရည်ရွာ ကျေးရွာပေါင်း (၁၀) ရွာမှ အိမ်ထောင်စု (၂၄၅) စု၊ လူဦးရေ (၁၅၉၈) ဦးအတွက် ဆန် (၄၉၆) အိတ် (၁၃) ပြည် … Read more









