Category Archives: News
-
မိုးကြိုးဘေးသင့် ပြည်သူများအား ထောက်ပံ့မှုသတင်း
(၂၃.၃.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ ကျွန်းစုုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စု၊ ရေကန်တောင်ကျေးရွာ မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအား ထောက်ပံ့ ငွေ(၃၀၀၀၀၀)ကျပ် နှင့် (၂၅.၃.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ ကျွန်းစုုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ သဲအော်ကျေးရွာအတွင်း မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးတို့အား ထောက်ပံ့ငွေ(၃၀၀၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၀၀၀၀၀) ကျပ်အား (၁၂.၄.၂၀၁၈) ရက်နေ့တွင် မြိတ်ခရိုင် ဦးစီးမှူးရုံးတာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်း မီးဘေးထောက်ပံ့မှုသတင်း
(၇.၄.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ရေပုန်းရပ်ကွက်၊ ငြိမ်းချမ်းရေးရပ် စည်ပင်သာယာလမ်း၊ မီးဘေးသင့်အိမ်ခြေ (၄) လုံးမှ အိမ်ထောင်စု (၁၀) စုအတွက် ကဆရပစ္စည်း(၁၅)မျိုး အား (၇.၄.၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပြီး (၁၂.၄.၂၀၁၈) ရက်နေ့တွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့များမှ ထောက်ပံ့ငွေအသီးသီး ထောက်ပံ့ပေး အပ်ခဲ့ကာ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းစန္ဒာကြည်မှ အိမ်ခြေ(၄)လုံး (ဓနိမိုးပျဉ်ထောင် ပျဉ်ခင်းနေအိမ် (၁) လုံး … Read more
-
မိုးညှင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာနေ မိုင်းနင်းမိ သေဆုံးခဲ့သူနှင့် ဒဏ်ရာရရှိသူတို့အတွက် ထောက်ပံ့မှုသတင်း
================================================= Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= (၃၀-၃-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် မိုးညှင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာနေ ဦးလှမင်းအပါ (၄) ဦးတို့သည် ၎င်းတို့ကျေးရွာ၏ အရှေ့ဘက် (၄) မိုင်ခန့်အကွာ ကျောက်ဖြူတောင်ထိပ်သို့ ဟင်းပြင်းဖူးရှာရန် ရှေ့နောက်တန်းစီပြီး သွားခဲ့ရာ ရှေ့ဆုံးမှ သွားသူ ဦးလှမင်းက မိုင်းကို ကျော်လွန်သွားခဲ့သော်လည်း ဒုတိယမြောက်လိုက်ပါသူ ဦးစိုးဝင်းမှ မိုင်းနင်းမိခဲ့သဖြင့် အချင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဦးလှမင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် သေဆုံးသူအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀) ကျပ်နှင့် ဒဏ်ရာရ ထောက်ပံ့ငွေ(၅၀၀၀၀) … Read more
-
မိုးကြိုးထိမှန်သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကျောက်ဖြူကျေးရွာ အုပ်စု၊ ပိန္နဲတောင်ကျေးရွာ၌ (၁၀-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံး(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/)ကျပ်အား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေး၊ ရပ်မိရပ်ဖများ၊ မြို့နယ်လွှတ်တော်ကိုယ်စား လှယ်များနှင့်ပူးပေါင်း၍ (၁၁-၄-၂၀၁၈)ရက်နေ့တွင် သေဆုံးသူ၏ မိသားစုများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့ နယ်၊ ဂွေးဂုံကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာ၊ ပေပင်ရှင်မကျေးရွာ၊ ချောင်းကူးကျေးရွာအုပ်စု၊ ချောင်းကူး ကျေးရွာ၊ ဆပန်ကျေးရွာအုပ်စု၊ မိုးကောင်း ကျေးရွာ၊ ချိုင်ဇောက်ကျေးရွာအုပ်စု၊ ချိုင်ဇောက်(အ) ကျေးရွာတို့၌ (၁၀-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၂) လုံး၊ အမိုးလန်အိမ်ခြေ (၂၉)လုံး၊ အိမ်ထောင်စု (၃၁)စု၊ လူဦးရေ (၁၂၁)ဦးဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၀၀,၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၅၄,၁၀၀ိ/-)ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အမိုးလန်အိမ်ခြေ (၂၉) … Read more
-
မီးဘေးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းကျေးရွာအုပ်စု၊ ဆယ်ရွာကျေးရွာ၌ (၄-၄-၂၀၁၈) နေ့ဖြစ်ပွားသော မီးဘေးသင့်နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀၀ိ/-)ကျပ်၊ လူ(၁၇)ဦးအတွက် ဆန်ဖိုး(၃၅၇၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၃၅၇၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း များအား (၁၁-၄-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အဝီစိတွင်းတူးဖော်ရန် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၈)ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ် ကွင်းသီးပင်ဆိပ်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာ၌ အဝီစိတွင်း (တွင်းနက်) (၁)တွင်း တူးဖော်ရန် ထောက်ပံ့ငွေကျပ် (၅၉၄၈၈၀၀ိ/-)အား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဇလွန်မြို့နယ်၊ တောင်ပို့တစ်ရာကျေးရွာအုပ်စု၊ ရေလယ်သောင်ကျေးရွာကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ တောင်ပို့တစ်ရာကျေးရွာအုပ်စု၊ ရေလယ်သောင်ကျေးရွာ၌ (၁၀-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၃၆) လုံး၊ အိမ်ထောင်စု (၃၆) စုမှ လူဦးရေ (၁၄၄) ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၆၀၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၃၀၂,၄၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၉၀၂,၄၀၀ိ/-) ကျပ်တို့အား (၁၁-၄-၂၀၁၈) ရက်နေ့တွင် ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၄-၄-၂၀၁၈) ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၊ ပျဉ်ထောင်တွင်း ကျေးရွာအုပ်စု၊ ကြို့ပင်ဝိုင်းကျေးရွာ၌ လေဘေးသင့်မှုဖြစ်ပွားခဲ့ရာ အမိုးလန်နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်အား (၁၁-၄-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၇.၄.၂၀၁၈) ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၊ ကံဦးကျေးရွာအုပ်စု၊ ရင်းတိုက်ကွင်းကျေးရွာ၌ လေဘေးသင့်မှုဖြစ်ပွားခဲ့ရာ အမိုးလန်နေအိမ် (၃) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း (၂၁၅၀၀၀) ကျပ်တို့အား (၁၁-၄-၂၁၀၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









