Author Archives: Department of Disaster Management

  • ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၉)ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၂)ရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ထပ်တိုးအိမ်ခြေ (၉)လုံး အမိုးလန်ပျက်စီးမှုကြောင့် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး(ကျားလုံချည်၊မလုံချည်၊တဘက်၊တီရှပ်၊ဆပ်ပြာ)(၉)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၇၀,၀၀၀)ကျပ်အား (၁၁-၄-၂၀၁၉)ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉) နေ့၌ ဟင်္သာတမြို့နယ်၊ သမ္ဘရာတိုင်းအုပ်စု၊ သမ္ဘရာတိုင်းကျေးရွာ၊ ဝဲကြီးကျေးရွာ အောက်ထုံးကျေးရွာ၊ စည်ပင်သာယာကျေးရွာ၊ ရေလဲကျေးရွာ၊ ညောင်ကွေ့ကျေးရွာ၊ နပဲကုန်းကျေးရွာ၊ ချင်းကုန်းကျေးရွာ၊ ဂျောင်းစိန်ကျေးရွာနှင့် ဂျို့ကုန်းကျေးရွာများရှိ အိမ်ခြေများအနက်မှ ခိုင်ခံ့မှုအားနည်းသောနေအိမ်များအားအိမ်ခြေ (၃၀) လုံးအား မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ စေတနာ့ဝန်ထမ်းများ၊ နှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၄-၂၀၁၉) နေ့၌ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းကျေးရွာရှိ ခိုင်ခံမှုအားနည်း သောနေအိမ် (၃၀) လုံးအား ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအားပြုပြင် မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။#ar_sgw #ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၁၉)ရက်နေ့၊ (၃-၄-၂၀၁၉)ရက်နေ့က ချင်းပြည်နယ်အတွင်းရှိ၊ မင်းတပ်မြို့နယ်၊ ဘွေရှိကျေးရွာ၊ ရပ်ဒုတ်ကျေးရွာ၊ ရာတိုင်ကျေးရွာနှင့် ရောင်လောင်းကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၇)လုံး (တစ်စိတ်တစ်ပိုင်းပျက်စီး)၊ လူဦးရေ (၃၆)ဦးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း(တစ်စိတ်တစ်ပိုင်းပျက်စီး)မှုအတွက် ထောက်ပံ့တန်ဖိုးငွေ(၁၂၉,၅၇၀)ကျပ်ရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး၊ ကယ်ဆယ်ရေးရန်ပုံငွေမှ (၈၇၅,၆၀၀)ကျပ်နှင့် သင်္ကန်း(၁)စုံတို့အား (၁၁-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောင်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

  • မင်းကင်းမြို့နယ်ဦးစီးမှူးရုံးသစ်ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းဒေသကြီးအတွင်းရှိ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးကို ကယ်ဆယ်ရေးပစ္စည်း အိမ်ထောင်စု (၂၀၀)စာဖြင့် (၁၁-၄-၂၀၁၉)နေ့ (၁၀၀၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၁၉) ရက်နေ့တွင် ခြင်ဘို့အုပ်စု၊ ခြင်ဘို့ကျေးရွာ၊ အလယ်ရွာကျေးရွာ၊ ပေါက်ကုန်းကျေးရွာ၊ ဒါးကကျေးရွာ၊ ကျွန်းဦးကျေးရွာ၊ ဆိပ်သာကျေးရွာ၊ ကျွန်းထိပ်ကျေးရွာ၊ ပေါက်တောကျေးရွာ၊ ကျောက်ရဲကျေးရွာ၊ ကြွက်ကျွန်းကျေးရွာနှင့် သဲရိုးကျေးရွာများရှိ အိမ်ခြေ (၃၀) လုံးအား ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေး ဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။#ar_sgw #ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မိုးသက်လေပြင်းကြောင့် ပြိုကျခဲ့သောအိမ်ခြေများအား ထောက်ပံ့မှုသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၁၉)ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ တမုတ်ချုံး ကျေးရွာ၌ မိုးသက်လေပြင်းကြောင့် ပြိုကျခဲ့သောအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၅) မျိုး(၃)အိမ်ထောင်စာနှင့် လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၅၂၀၀/-)တို့ကို (၁၁-၄-၂၀၁၉)ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက် ထောင်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #   ha_sgw #   tny_apr2019  

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ဆိပ်ဖူးကျေးရွာ၌ (၉-၄-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စုဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁) အိမ်ထောင်စုစာအားလည်းကောင်း၊ ရွာဘင်းကျေးရွာ၌ နေအိမ်(၁)လုံးမှ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁) အိမ်ထောင်စုစာအားလည်းကောင်း၊ (၁၀-၄-၂၀၁၉) … Read more

  • လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ခိုင်ခံ့မှုအားနည်းသော နေအိမ်များအား ( ၉-၄-၂၀၁၉ ) နေ့တွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ငှက်ပျောတောကျေးရွာ၌ အိမ်ခြေ (၃၀) လုံးအား ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ် များဖြစ်စေရန်အတွက် ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။#ar_sgw #ayy_apr2019Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၉) ရက်နေ့၌ တန့်ဆည်မြို့နယ်၊ သာစည်ကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ရေသောက်အိုင်ရွာ၊ ရွှံ့အိုင်ကျေးရွာနှင့် သစ်တော်ပေါက်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့်အိမ်ထောင်စု (၂၇)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(စက္ကူဘူးပါ)(၆)မျိုး (၂၇)အိမ်ထောင်စာတို့အား (၁၀-၄-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events