Author Archives: Department of Disaster Management
-
လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ လိပ်ချောင်းအုပ်စု၊ လိပ်ချောင်းတာတွင်းကျေးရွာ၊ လိပ်ချောင်းတာပြင်ကျေးရွာ ၊ သုံးမြေဆိုင်ကျေးရွာ၊ ကလားအော်ကျေးရွာ၊ ကျားကုန်းကျေးရွာ၊ သင်္ကန်းတောကျေးရွာ၊ ကြက်တူရွေးလေးကျေးရွာ၊ ကြက်တူ ရွေးကြီးကျေးရွာ၊ နပဲကုန်းကျေးရွာ၊ ချောင်းလေးကျေးရွာ၊ ဒေါနကုန်းကျေးရွာ၊ အိုးဖိုကုန်းကျေးရွာနှင့် ကုန်းကြီးကျေးရွာများရှိ နေအိမ်များ အနက်မှ အိမ်ခြေ (၃၀) လုံးအား မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန် အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများ … Read more
-
သဘာဝဘေးအန္တရာယ် အသိပညာပေးဗီးနိုင်းဆိုင်းဘုတ်များ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ပြည်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ပန်းတောင်း-တောင်ကုတ် ကားလမ်းမကြီးဘေးတွင် သဘာဝဘေးအမျိုးမျိုးနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များ အား ပြည်သူလူထုများသိရှိစေရန်ရည်ရွယ်၍ ဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar # bgo_apr2019
-
သဘာဝဘေးအန္တရာယ် အသိပညာပေးဗီးနိုင်းဆိုင်းဘုတ်များ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉)ရက်နေ့၌ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မကွေး-စလင်း ကားလမ်းဘေးနှင့် မင်းဘူးဈေး(အရှေ့ဘက်)တွင် သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များအား ပြည်သူများသဘာဝဘေး အသိပညာများ တိုးပွားစေရန်ရည်ရွယ်၍ စိုက်ထူခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar # mgy_apr2019
-
လေဘေးကြိုတင်ကာကွယ်ရေးအတွက် အိုးအိမ်များအားဖြည့်ပြင်ဆင်ခြင်းနှင့် ပြုပြင်မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉) ရက်နေ့၌ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကျောက်ခွက်ကျေးရွာအုပ်စုနှင့် အိုးဘိုကုန်းကျေးရွာတို့တွင် လေဘေးကြိုတင်ကာကွယ်ရေးအတွက် အိုးအိမ်များအားဖြည့်ပြင်ဆင်ခြင်း၊ ပြုပြင်မှုလုပ်ငန်းများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ကျော်နိုင်၊ မြို့နယ်ထွေအုပ်မှတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar_sgw #bgo_apr2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထန်းတပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ ထန်းတပင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်မှ တာဝန်ရှိသူများ၊ ထန်းတပင်မြို့နယ် မြို့မလူမှုကူညီစောင့်ရှောက်ရေးအသင်းနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်သုခရပ်ကွက်၊ ချောင်းဝကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာများသို့ သွားရောက်၍ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား (၁၁-၄-၂၀၁၉) ရက်နေ့တွင်ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းကျေးရွာအုပ်စုနှင့် ပန်းတောကြီးကျေးရွာ အုပ်စုတို့၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအဖြစ်နေအိမ်များ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများအားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။#ar_sgw #ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉)ရက်နေ့ မနက်(၀၁း၄၅)နာရီအချိန်၌မီးဘေးဖြစ်ပွားမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျောင်းကုန်းကျေးရွာအုပ်စု၊ ရေနီကျေးရွာ၌ မီးဘေးသင့်အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၆)စု၊ ဘေးသင့်လူဦးရေ(၃၃)ဦး မီးဘေးသင့်ခဲ့ခြင်းအတွက်အိမ်ဆောက်ပစ္စည်းဖိုး(၆၀၀,၀၀၀)၊ ဆန်ရိက္ခာဖိုး(၆၉,၃၀၀)၊ စုစုပေါင်း(၆၆၉,၃၀၀) (ကျပ်ခြောက်သိန်းခြောက်သောင်းကိုးထောင့်သုံးရာကျပ်တိတိ)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၄)ပုံးနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးပါ (၂)ပုံးတို့အား (၁၁-၄-၂၀၁၉)ရက်နေ့တွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း၊ ကမ္ဘာမြေချစ်သူ(ကမ္မ)မှ ဦးမင်းတာတို့နှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး မီးဘေးသင့်အိမ်များသို့ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၄-၂၀၁၉) ရက်နေ့တွင် ဟိုပန်ခရိုင်၊ ဟိုပန်မြိုနယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့်မိန်းပန်း”ဝ”ရပ်ကွက်နှင့် အားဝေါ်ကျိုင်းကျေးရွာအုပ်စုတို့၌ သွပ်မိုး၊ ထရံကာ နေအိမ် (၂) လုံး အမိုးလန်ပျက်စီးခဲ့ရာ အဆိုပါလေဘေးသင့်နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်တို့ိုအား (၉-၄-၂၀၁၉) ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှတဆင့် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။#ha_sgw #shn_apr2019 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဒဏ်ခံနိုင်ရည်အားနည်းသည့်နေအိမ်များအားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာရှိ စေတနာ့ဝန်ထမ်း လူငယ်များနှင့် ပူးပေါင်း၍ (၁၁-၄-၂၀၁၉) ရက်နေ့၌ မအူပင်မြို့နယ်၊ တလုပ်လတ်ကျေးရွာအုပ်စု၊ အလန်းအုပ်ကျေးရွာတွင် လေပြင်းဒဏ်ခံနိုင်ရည် အားနည်းသည့် နေအိမ်များအား နေအိမ်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းအုပ်စု၊ ဥသျှစ်ကုန်းအရှေ့ကျေးရွာ၊ ဥသျှစ် ကုန်းအနောက်ကျေးရွာ၊ သောင်စုကျေးရွာ၊ တာနားစုကျေးရွာ၊ ရဲဒီကျေးရွာ၊ ကျွဲတဲကုန်းကျေးရွာ၊ သပြုဆိပ်ကျေးရွာ၊ ရွာသစ်ကြီးကျေးရွာ၊ မအူကုန်းကျေးရွာ၊ ကမ်းနားလက်ပံစုကျေးရွာ၊ အရှေ့လက်ပံစုကျေးရွာ၊ အနောင်လက်ပံစုကျေးရွာနှင့် ရေလဲကျေးရွာရှိ အိမ်ခြေများ အနက် ခိုင်ခံ့မှုအားနည်းသော အိမ်ခြေ (၃၀) လုံးအား မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင် သဖြင့် ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များ … Read more
