Author Archives: Department of Disaster Management

  • ငဖဲမြို့နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရသူနှင့် သေဆုံးသူများ၏ မိသားစုများထံသို့ ထောက်ပံ့မှုသတင်း

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငဖဲမြို့နယ်၊ လိုင်ကျေးရွာအုပ်စု၊ လိုင်ကျေးရွာတွင် (၁၃-၄-၂၀၁၉)ရက်နေ့ (၁၈း၃၀)အချိန်တွင် တောအတွင်းလောင်ကျွမ်းနေသော တောမီးအား ကျေးရွာအတွင်း မီးကူးစက်လောင်ကျွမ်းမှုမရှိစေရေအတွက် ကျေးရွာသားများမှ ဝိုင်းဝန်းငြှိမ်းသတ်ကြရာ လေတိုက်ခတ်မှုကြောင့် ငြှိမ်းသတ်နိုင်ခြင်းမရှိဘဲ ရွာသားများ ထွက်ပြေးကြစဉ် ကျေးရွာသား(၃)ဦး မီးလောင်ကျွမ်းခဲ့ပြီး၊ (၁)ဦးမှာဒဏ်ရာရရှိခဲ့ပါ၍ သေဆုံးသူ(၃)ဦးအတွက်ထောက်ပံ့ငွေ (၉၀၀၀၀၀/-)နှင့် ဒဏ်ရာရသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀/-)တို့အား ဒဏ်ရာရသူနှင့်သေဆုံးသူများ၏ မိသားစုများထံသို့ (၁၅-၄-၂၀၁၉)ရက်နေ့ (၁၄း၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • ချောက်မြို့နယ်၊ ရွာသစ်ကျေးရွာ မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

        လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၄-၂၀၁၉)ရက်နေ့(၁၁း၄၅)အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အုံမြာကြီးကျေးရွာအုပ်စု၊ ရွာသစ်ရွာကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တိုက်အိမ်(၂)လုံး၊ တဲအိမ်(၂)လုံးမီးဘေးသင့်ခဲ့ပြီး မီးဘေးသင့်အိမ်ခြေ(၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၄)အိမ်ထောင် စာနှင့် ဘေးသင့်လူဦးရေ(၁၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၉၉၀၀/-)ကျပ်တို့အား (၁၄-၄-၂၀၁၉)ရက်နေ့ (၁၁း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_fir # mgy _apr2019

  • သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း

      လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၄-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေရှားပါး လျက်ရှိသော ဘုတလင်မြို့နယ်၊ ဇီးတောကျးရွာရှိ အိမ်ခြေ(၁၂၀)၊လူဦးရေ(၅၄၉)ဦးတို့ကို သောက်သုံးရေထောက်ပံ့ ရန် ပြင်ပမှရေသယ်ယာဉ်ဂါလံ (၈၀၀)ဆန့်ဖြင့် (၅)စီးသယ်ယူ၍ ကုန်ကျငွေ(၂၀၀၀၀၀/-)အား ပြည်သူ့လွှတ်တော် ကိုယ်စား၊ မြို့နယ်အုပ်ချုပ်ရေးမှူးတိုးနှင့်အတူ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #sgg_apr2019

  • သောက်သုံးရေများဖြန့်ဝေပေးနေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်၊ လိုပူကျေးရွာအုပ်စု၊ လိုပူခေါင်းစောင်းကျေးရွာ၊ ဖရူဆိုမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ထီးသော်တနီးကူးကျေးရွာ၊ ခေါသမောကျေးရွာနှင့် လောခုခူကျေးရွာ၊ ကေးလျားကျေးရွာအုပ်စု၊ လောလျာခူကျေးရွာ၊ စုစုပေါင်းကျေးရွာ (၅)ရွာသို့ ဂါလံ(၁၂၅၀)ဆံ့ ရေသယ်ယာဉ်(၅)စီးဖြင့် ဖရူဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့်အတူ သောက်သုံးရေများသွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_apr2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ပေါက်တောမြို့နယ်၊ ဘဝမ်းချောင်းဝစုရပ်ကွက်၊ ဘဝမ်းဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလုံလျှက်ရှိသည့် တိုက်ပွဲရှောင် အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၆၇) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၆၀၃၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (ကျားလုံချည်၊ မလုံချည်၊ တဘက်၊ တီရှပ်) တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးမှ (၁၄-၄-၂၀၁၉) ရက်နေ့တွင် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_apr2019

  • သောက်သုံးရေများ ဖြန့်ဝေပေးနေမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၁.၄.၂၀၁၉)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါညေးခူကျေးရွာ၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါတ ထောကျေးရွာ၊ ခိုးရားခူကျေးရွာနှင့် တနောကလောကျေးရွာ၊ ကေးလျားကျေးရွာအုပ်စု၊ ကေးလျားကျေးရွာ ၊ ဒေါခူလီကျေးရွာ၊ လောပလျားလဲကျေးရွာနှင့် ထီးသဲကူးကျေးရွာ စုစုပေါင်းကျေးရွာ(၈)ရွာသို့ ဂါလံ(၁၀၀၀)ဆံ့ရေသယ်ယာဉ်(၃)စီး၊ ဂါလံ(၁၂၅၀)ဆံ့ရေသယ်ယာဉ်(၄)စီး၊ ဂါလံ(၃၀၀၀)ဆံ့ရေသယ်ယာဉ်(၁)စီး စုစုပေါင်းရေသယ်ယာဉ်(၈)စီးဖြင့် ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းများနှင့်အတူ ကယားပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ တစ်ပါတည်းလိုက်ပါလျှက် သောက်သုံးရေသွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_otr #kyh_apr2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးနေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၀.၄.၂၀၁၉) ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ နဘူးနှစ်ခြားကျေးရွာအုပ်စု၊ နန်းကော်တေးကျေးရွာ၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့်ဘေးသင့်ခဲ့သည့် အိမ်ခြေ(၁)လုံး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၉)ဦးအတွက်အိမ်ဆောက်ပစ္စည်းဖိုး၂၀၀၀၀၀/-နှင့်လူဦးရေ(၉)ဦးအတွက်ဆန်ရိ က္ခာ ဖိုးငွေ(၁၈၉၀၀/-)စုစုပေါင်း (၂၁၈၉၀၀/-)၊ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အား (၁၂.၄.၂၀၁၉)ရက်နေ့တွင် ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများအားထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #krn_apr2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ နဘူးနှစ်ခြားကျေးရွာအုပ်စု၊ နန်းကော်တေးကျေးရွာတွင် မီးလောင်မှုဖြစ်ပွားမှုကြောင့် မီးဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၉၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၈၉၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးတို့အား (၁၂-၄-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #krn_apr2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၁၉) ရက်နေ့တွင် တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက် စိန်ဂျုဒ်ခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင်ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်းဆောင်ရန်/ရှောင်ရန်များကို တက်ရောက်သူ စုစုပေါင်း (၂၀၀) ဦးအားဆွေးနွေး ဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့် အနေအထားကိုလက်တွေ့သရုပ်ပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_apr2019 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးနေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ၊ သစ်ပုတ်အုပ်စု၊ လေသာတောင် ကြီးအုပ်စု၊ မြောက်ရွှေလောင်းအုပ်စု၊ ထန်းတပင်အုပ်စုတို့ရှိ ကျေးရွာ(၁၂)ရွာတို့၌ (၈.၄.၂၀၁၉) ရက်နေ့ လေဘေးသင့် အမိုးလန်နေအိမ်(၈၅)လုံး ဘာသာရေးကျောင်း (၄)ကျောင်း ပြိုလဲ နေအိမ်(၂)လုံး လူ(၈)ဦးတို့ အတွက် အိမ်ဆောက် ပစ္စည်းဖိုးနှင့် ဆန်ဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၃၆၈၀၆၂၅/-) ၊ပြိုလဲ(၂)အိမ်ရှိ အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (ပလပ်စတစ်ပုံးပါ) (၂)အိမ်ထောင်စာအား (၁၂.၄.၂၀၁၉)ရက်နေ့တွင် ပေါက်ခေါင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ … Read more

Sign Up

Upcoming Events