Author Archives: Department of Disaster Management
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၉) ရက်နေ့က မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု မရင်းကြီးကျေးရွာလေဘေးသင့် အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဘိုး (၂၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ(၈)ဦး အတွက်ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေ (၁၆,၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၁၆,၈၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၂-အိမ်ထောင်စာ) တို့အား(၁၈-၄-၂၀၁၉)နေ့ တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက် မြို့နယ်၊ မျှားပိုင်းကျေးရွာအုပ်စု၊ လင်တောင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာအုပ်စု၊ ဆပန်ကျေးရွာအုပ်စု၊ ကူကားကျေးရွာအုပ်စုနှင့် ပလောင်းကျေးရွာအုပ်စုတို့တွင် (၁၇-၄-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ပြိုကျနေအိမ်(၄)လုံး၊ တစိတ်တပိုင်းပြိုကျနေအိမ်(၁)လုံး၊ အမိုးလန်အိမ်ခြေ(၉၈)လုံး၊ အမိုးလန် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း၊ အိမ်ထောင်စု(၁၀၃)စု၊ လူဦးရေ(၅၀၈)ဦးဘေးသင့်ခဲ့ရာ ကျောင်း/အိမ် ဆောက်ပစ္စည်းဖိုး(၄,၅၀၀,၀၀၀)ကျပ်၊ဆန်ရိက္ခာဖိုး(၁,၀၆၆,၈၀၀)ကျပ်၊ စုစုပေါင်း(၅,၅၆၆,၈၀၀) (ကျပ်ငါးဆယ့် ငါးသိန်းခြောက်သောင်းခြောက်ထောင့်ရှစ်ရာကျပ်တိတိ)တို့အားလည်းကောင်း၊ ပြိုကျနေအိမ်(၄)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ(၄)ပုံး၊ အမိုးလန်နေအိမ်(၉၉)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးပါ (၉၉) စုံတို့အားလည်းကောင်း (၁၈-၄-၂၀၁၉)ရက်နေ့တွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ၊ အမှတ် (၆) ရပ်ကွက်၊ အင်းဝ (၈) လမ်း ၊ အိမ်အမှတ် (၉၇၇-က) နေ ပိုင်ရှင် ဦးထွန်းထွန်းနေအိမ်မှ (၁၇-၄-၂၀၁၉) ရက်နေ့ (၀၀း၅၁) နာရီတွင် မီးအားမြင့်စက် Auto Relay အလုပ်မလုပ်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ် (၂) လုံးမီးလောင်ကျွမ်းခဲ့ပြီး နေအိမ် (၂) လုံး မီးဟတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း မီးလောင်ပျက်စီး၍ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၄) ဦးတို့ … Read more
-
သောက်သုံးရေလှူဒါန်းမှုသတင်း
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၁၉) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မာစရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါဆီးခူကျေးရွာနှင့် ဒေါကလော်လဲကျေးရွာများသို့ ဂါလံ (၁၀၀၀) ဆံ့ ရေသယ်ယာဉ် (၂) စီးဖြင့် ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့်အတူ သောက်သုံးရေသွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ရှမ်းအင်းတော်ကျေးရွာ၌ (၁၆-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်အား (၁၇-၄-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်းတော်မြို့နယ်၊ မော်လူးမြို့၊ မင်းသစ္စာရပ်ကွက်၌ (၁၅-၄-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ခေါင်မိုးမြှားတန်းပြုတ်ကျ၍ ဒဏ်ရာရပြည်သူ (၂) ဦး အတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၁၆-၄-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မော်လိုက်မြို့နယ်၊ မြို့မ (၂) ရပ်ကွက်၊ လောင်းကောင်းကျေးရွာ၊ ညောင်ဝန်းကျေးရွာတို့၌ (၁၅-၄-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ထောင်စု (၁၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၃) အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၂၅,၀၀၀/-) ကျပ်အား (၁၆-၄-၂၀၁၉) ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ha_sgw #sgg_apr2019 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
သောက်သုံးရေများ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖရူဆိုမြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် အတူ (၁၅-၄-၂၀၁၉) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါဖုကျေးရွာ၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ထားလဲကျေးရွာနှင့် ပရယ်တော်ကျေးရွာတို့အတွက် ဂါလံ(၁၂၀၀)ဆံ့ ရေသယ်ယာဉ် (၁) စီး၊ ဂါလံ(၁၀၀၀)ဆံ့ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr_fld #kyh_apr2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများနှင့် လေဘေးသင့်ပြည်သူများအားထောက်ပံ့နေမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်ကလေးမြို့နယ်၊အောင်မေတ္တာရပ်ကွက်နယ်မြေ(၃/၁၅၅)တွင်ဘုရားမီးပူဇော်ရာမှတဆင့်မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ထောင်စု(၁)စု လူဦးရေ(၈)ဦးတို့အတွက်ဆန်ရိက္ခာဖိုးထောက်ပံငွေ(၁၆၈၀၀) အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀) ထောက်ပံငွေစုစုပေါင်း (၁၁၆၈၀၀) နှင့်မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် မောက်ပုလင်းကျေးရွာအုပ်စု အင်းပေါက်ကျေးရွာရှိ ညောင်ပင်အောက်၌ ကလေးမြို့ အောင်င်္ဂလာရပ်ကွက် တွင် နေထိုင်သူမှ ဈေးရောင်းပြီးအပြန် နားနေစဉ် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းပိသေဆုံးသူအတွက်ထောက်ပံငွေ (၃၀၀၀၀၀)ကျပ်တို့အား ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌရုံးခန်း၌ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ (၁၆.၄.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir_sgw #sgg_apr2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊အနောက်ရပ်ကွက်၌ (၁၃-၄-၂၀၁၉)ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၇)လုံး၊ မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၇)စုမှ လူဦးရေ (၅၁)ဦးမီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့်အိမ်ထောင်စု (၇)စုအား ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး အိမ်ထောင်စု(၇)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀၀၀၀/-)၊ လူဦးရေ (၅၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၀၇၁၀၀/-)တို့အား (၁၅-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_fir # rke _apr2019
