Author Archives: Department of Disaster Management
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးဖြစ်ပွားသည့်နေရာအား မြေပြင်ကွင်းဆင်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုရေးဝန်ကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့်အတူ (၁၈-၄-၂၀၁၉)ရက်နေ့ (၁၈၀၀)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ၊ ဘုန်းကြီးကျောင်းများအား ထောက်ပံ့နိုင်ရေးအတွက်မြေပြင်တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသတင်းရရှိပါသည်။
-
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၁၉)ရက်နေ့ (၁၈၄၅)နာရီအချိန်က တောင်တွင်းကြီးမြို့နယ်၊ ကျေးရွာ(၁၈)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ ဓမ္မာရုံ(၂)လုံးအတွက် (၁၀၀,၀၀၀)ကျပ်၊ ပြိုကျအိမ်ခြေ (၈)လုံးနှင့် အမိုးလန်အိမ်ခြေ (၂၀၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ( ၆,၈၉၀,၀၀၀)ကျပ်၊ ဒဏ်ရာရလူနာ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇,၂၄၀,၀၀၀ )ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး အိမ်ထောင်စု (၈)စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၂၀၃)စုစာတို့အား (၁၉-၄-၂၀၁၉)ရက်နေ့ (၁၁၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ နတ်လူထိပ်ပန်ရပ်ကွက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၃)လုံး၊ အမိုးလန်ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် ပြိုကျနေအိမ်(၁)လုံးအတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေ (၂၂၀,၀၀၀)ကျပ်၊ အမိုးလန်အိမ်ခြေ (၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅)မျိုး နှင့် အမိုးလန်ဘုန်းကြီးကျောင်း (၁)ကျောင်းအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး တို့အား (၁၉-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၄-၂၀၁၉)ရက်နေ့က လပွတ္တာမြို့နယ်၊ သရက်ကုန်းလဲပျောက်ကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၌ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခက်မှုကြောင့် အမိုးလန်နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေ (၆,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၆,၃၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးတို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ (၁၉-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စု၊ ဒေါကူလယ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးသင့် အိမ်ခြေ/အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)ကျပ် နှင့်ဆန်ရိက္ခာ(၇)ရက်စာ တန်ဖိုးငွေကျပ် (၁၀,၅၀၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၁၁၀,၅၀ဝ)တို့အား (၁၈-၄-၂၀၁၉)ရက် နေ့ တွင်သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်းတော်မြို့နယ် ရပ်ကွက်/ ကျေးရွာများတွင် (၁၅ .၄.၂၀၁၉)နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ခြေ (၇၃)လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု (၇၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ (၇၃)အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုး(၂၆၈၅,၀၀၀) ကျပ်တို့ကို (၁၈.၄.၂၀၁၉) နေ့တွင် အင်းတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများ ထံသို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #sgg_apr2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၄-၂၀၁၉)ရက်နေ့ ကောလင်းမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာ၊ ပဒုမ္မာကျေးရွာအုပ်စု၊ ကျွန်းတောကျေးရွာနှင့် တောင်ဘို့လကျေးရွာအုပ်စု၊ ပွဲခံကျေးရွာတို့တွင် တိုက်ခတ်ခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ခြေ/အိမ်ထောင်စု (၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁၂၅.၀၀၀)ကျပ်တို့အား (၁၈-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၉) ရက်နေ့က မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာအုပ်စု၊ ကော့မပြင်းကျေးရွာလေဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဘိုး (၁၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၅)ဦး အတွက်ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေ (၁၀,၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၀,၅၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁-အိမ်ထောင်စာ) တို့အား(၁၈-၄-၂၀၁၉)နေ့ တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၁၇-၄-၂၀၁၉)ရက်နေ့(၁၆:၃၀) အချိန်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်း အမိုးလန်ပျက်စီးအိမ်(၂၁၂)လုံး၊ပြိုလဲပျက်စီးအိမ်(၈)လုံး၊ စာသင်ကျောင်း(၆) ကျောင်းအမိုးလန်ခြင်း၊ ဘုန်းကြီးကျောင်း(၆)ကျောင်းအမိုးလန်ခြင်း ဖြစ်ပွားခဲ့ပါကြောင်း ဘေးသတင်းရရှိခဲ့ပါသည်။သို့ဖြစ်ပါ၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဒေါက်တာမျိုးအောင် ၊ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးမင်းနောင်၊အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးကျော်မင်းနိုင်၊တိုင်းအ ဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ခရိုင်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူတို့သည်အောင်ချမ်းသိမ်းကျေးရွာ၊ မင်းကုန်းကျေး ရွာ၊ အောင်ချမ်းသာကျေးရွာ၊ ဖောင်းလောင်းကျေးရွာ၊ ဇလောင်း(တောင်၊မြောက်)ကျေးရွာ၊ ငန်းစပ်ကျေးရွာ၊ရွှေနံသာရပ်ကွက်တို့တွင် ဘေးသင့်အိမ်ခြေ(၉၉)လုံးနှင့်လူဦးရေ(၃၈၉) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၁)မျိုး၊ စုစုပေါင်းအိမ်ဆေါက်ပစ္စည်းရန်ပုံငွေ(၄,၇၄၀,၀၀၀)ကျပ်၊ဆန်ရိက္ခာဖိုးငွေ … Read more
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၉) ရက်နေ့က မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်းကုန်းကျေးရွာလေဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဘိုး (၁၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၄)ဦး အတွက်ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေ (၈,၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀၈,၄၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁-အိမ်ထောင်စာ) တို့အား(၁၈-၄-၂၀၁၉)နေ့ တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
