Author Archives: Department of Disaster Management

  • မုန်တိုင်းအသိပညာပေးဗွီနိုင်းဆိုင်းဘုတ်များစိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၁၉) ရက်နေ့တွင် တွံတေးမြို့နှင့် ထန်းတပင်မြို့တို့၏ မြို့ဝင်နေရာများတွင် မုန်တိုင်း အသိပညာပေးဗွီနိုင်းဆိုင်းဘုတ်များ စိုက်ထူမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar #ygn_apr2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • အပူချိန်မြင့်မားမှုကြောင့် သောက်သုံးရေ လိုအပ်ချက်များအပေါ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ

    နေပြည်တော်၊ဧပြီ၂၃ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နွေရာသီကာလအတွင်း အယ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ် နိုင်ကြောင်း မိုးလေဝသပညာရှင်များမှ ခန့်မှန်းခဲ့ပါသည်။ ၎င်းဖြစ်စဉ်၏ အကျိုးသက်ရောက်မှုသည် မြန်မာနိုင်ငံသို့လည်း ရောက်ရှိနိုင်သဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလမှစ၍ ရေရှည်စီမံချက်အဖြစ် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရေတွင်းတူးဖော်ခြင်း၊ အုတ်ရေကန်/မြေသား ရေကန်များတည်ဆောက်ပေးခြင်း၊ပြုပြင်ပေးခြင်း၊ရေသွယ်ယူမှု၊ရေကန်ဘောင်အား မြေထိန်းနံရံ ရေတားတမံ တည်ဆောက်ပေးမှုများ ဆောင်ရွက်ပေးခြင်း၊ ရေစက်ရုံနှင့် ရေစင်များ တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်းကျပ်သန်း (၆၇၂.၃၁၉)သုံးစွဲထောက်ပံ့ခဲ့ပြီးဖြစ်ပါသည်။ အလားတူပင်၂၀၁၉ခုနှစ်၊ နွေရာသီကာလအတွင်းအပူချိန်မြင့်မားမှုကြောင့် … Read more

  • သောက်သုံးရေလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့နယ်၊ ရေပူကျေးရွာရှိပြည်သူများ သောက်သုံးရေပြတ်လပ်လျက်ရှိသော အိမ်ခြေ (၁၂၀) လုံး၊ အိမ်ထောင်စု (၁၂၅) စု၊ လူဦးရေ (၅၀၀) ဦးခန့်တို့အတွက် သောက်သုံးရေ (၅၀၀၀) ဂါလံအား (၂၃-၄-၂၀၁၉) ရက်နေ့၊ (၁၆း၃၀) နာရီအချိန်တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#ha_drg #krn_apr2019 Source: မြဝတီခရိုင်ဦးစီးမှူး ( ဘစမ)

  • ဓာတ်ဆား၊ အနာကျက်ဆေးနှင့် ဒဏ်ကြေလိမ်းဆေး အလှူပစ္စည်းများလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ရုံးမှတာဝန်ရှိသူများသည် မအူပင်မြို့နယ်အတွင်းရှိ မအူပင်မြို့နယ် ဘိုးဘွားရိပ်သာ၊ မေတ္တာရှင်အမျိုးသမီးမိဘမဲ့ဂေဟာနှင့် ဓမ္မမနောရမ ဝိပဿနာရိပ်သာတို့တွင် ဓာတ်ဆား၊ အနာကျက်ဆေးနှင့် ဒဏ်ကြေလိမ်းဆေး အလှူပစ္စည်းများအား (၂၃-၄-၂၀၁၉) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#otr #ayy-apr2019Source: မအူပင်ခရိုင်ဦးစီးမှူး (ဘစမ)

  • အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၉)ရက်နေ့၌ ကော့မှူးမြို့နယ်၊ မြို့ဝင်ဆိုင်းဘုတ်အနီး မီးဘေး အသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar # ygn_apr2019  

  • ပခုက္ကူခရိုင် ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ် ခင်ရှည်ကျေးရွာအုပ်စု ၊ ခင်ရှည်(တ)စုကျေးရွာတွင် (၂၂-၄-၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မူကြောင့် အမိုးလန် အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၃)ဦးတို့ လေဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀၀)ကျပ် ၊ဆန်ရိက္ခာဖိုး (၆,၃၀၀) ကျပ်၊ စုစုပေါင်း (၁၀၆,၃၀၀) ကျပ်တို့ကို လည်းကောင်း၊ အမိုးလန်အိမ်ခြေ (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးအား (၂၃-၄-၂၀၁၉) ရက်နေ့ တွင် ပေါက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)မှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ … Read more

  • မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ၊ အရှေ့မြောက်ကုန်း(တဲတိုက်)ရှိ ပြည်သူများ သောက်သုံး ရေပြတ်လပ်လျက်ရှိသော အိမ်ခြေ (၁၀၀)လုံး၊ အိမ်ထောင်စု (၁၁၂)စု၊ လူဦးရေ (၅၇၃)ဦးခန့် အတွက် သောက်သုံးရေ (၆၀၀၀)ဂါလံ ကို (၂၃-၄-၂၀၁၉)ရက်နေ့၊ (၁၀း၃၀)နာရီအချိန်တွင် သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ha_drg # mgy_apr2019  

  • လေပြင်းဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုးကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများကျရောက်နိုင်သဖြင့် (၂၃-၄-၂၀၁၉) ရက်နေ့၌ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့နယ်၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာတွင် လေပြင်းဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးအတွက် လေပြင်းဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသော လူနေအိမ်များဖြစ်စေရေးအတွက် မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျေးရွာပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။# ar_sgw # shn_apr2019 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events