Author Archives: Department of Disaster Management

  • သောက်သုံးရေလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ (အရှေ့ပိုင်း) ရှိ သောက်သုံးရေ ပြတ်လပ်လျက်ရှိသော အိမ်ခြေ (၁၁၀) လုံး၊ အိမ်ထောင်စု (၁၂၀) စု၊ လူဦးရေ (၅၈၀) ဦးခန့် အတွက် သောက်သုံးရေ (၆၀၀၀) ဂါလံ အား (၂၅-၄-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#ha_drg #mgy_apr2109 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ ကယ်ဆယ်ရေးစခန်း (၄)ခုရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု(၃၁၅)စု၊ လူဦးရေ(၁,၁၁၉)ဦးအတွက် ဆန်ရိက္ခာ(၁)လစာထောက်ပံ့ပေး ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ အဆိုပါတိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခာ(၁)လစာကို သယံဇာတနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော်၊ ဦးခင်မောင်မြင့်၊ ဦးနောင်နဂျာတန်တို့နှင့်အတူ (၂၃-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #kcn_apr2019 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • Cyclone Shelter တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၉) ရက်နေ့၌ အင်္ဂပူမြို့နယ်၊ ညောင်ကျိုးကျေးရွာအုပ်စုတွင် တည်ဆောက် လျှက်ရှိသော Cyclone Shelter၏ တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။#otr #ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး

  • မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့နယ် ခင်ဖောင်ကျေးရွာအုပ်စု၊ ရွှင်းတွီကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ/အိမ်ထောင်စု (၂)စု (တစ်စိတ်တစ်ပိုင်းပျက်စီး)မှ လူဦးရေ (၁၀)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်တန်ဖိုးငွေ (၂၁,၀၀၀)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း(၁၁)မျိုး(၂)အိမ်ထောင်စာနှင့် လပ်စတစ်ပုံးလက်ကိုင်ပါ(၂)ပုံး တို့အား (၂၄-၄-၂၀၁၉)ရက်နေ့တွင်  မင်းတပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများထံထောင်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များ ကျရောက်နိုင်သဖြင့် မြန်အောင်မြို့နယ်၊ ကွင်းကြီးဒေါင့်အုပ်စုရှိ နေအိမ်များအနက်မှ အိမ်ခြေ (၃၀)လုံးကို ကျေးရွာအုပ်စု/ရပ်ကွက်ကော်မတီဝင်များ ရပ်မိရပ်ဖများ စေတနာ့ဝန်ထမ်းများနှင့်အတူ (၂၄-၄-၂၀၁၉)ရက်နေ့တွင် လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဦးသောင်းငွေ(တဲတိုက်)၊ ဦးကျော်စိန်(တဲတိုက်) ရှိ ပြည်သူများ သောက်သုံးရေများ ပြတ်လပ်လျက်ရှိသော အိမ်ခြေ(၁၂၀)လုံး၊ အိမ်ထောင်စု (၁၂၅)စု၊ လူဦးရေ(၅၉၀)ဦးခန့် အတွက် သောက်သုံးရေ (၆၀၀၀)ဂါလံ အား (၂၄-၄-၂၀၁၉)ရက်နေ့၊ (၁၀၃၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

  • မွန်ပြည်နယ်ဦးစီးမှူးမှ ကွင်းဆင်းစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးရှိ ပြည်နယ်မှူးမှ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး ယာယီဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် ချောင်းဆုံမြို့နယ်ဦးစီးမှုးရုံးတည်ဆောက်မည့်မြေနေရာအား (၂၄-၄-၂၀၁၉) ရက်နေ့က သွားရောက်ကြည့်ရှု့၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ဇလွန်မြို့နယ်၊ ရေလဲကျေးရွာအုပ်စ၊ု ဒေါ်ငြိမ်းကုန်းကျေးရွာနှင့် ကျွန်းကြီးကျေးရွာများရှိ နေအိမ်များအနက်မှ အိမ်ခြေ (၃၀) လုံးအား (၂၃-၄-၂၀၁၉) ရက်နေ့၌ ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။#ar_sgw #ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events