Author Archives: Department of Disaster Management

  • သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

    မွန်ပြည်နယ်၊သထုံမြို့နယ်အတွင်း သောက်သုံးရေရှားပါးနေသည့် ကန်ညီနောင်ရပ်ကွက်မှ အိမ်ခြေ (၄၀၀)နှုန်း၊ အိမ်ထောင်စု(၄၀၀)၊ လူဦးရေ(၂,၀၀၀)ဦးတို့အတွက် သောက်သုံးရေ ဂါလန်(၃,၂၀၀)တို့ကို (၂၄-၄-၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #mon_apr2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခက်မှုကြောင့် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာအုပ်စုနှင့် ဇီးကနားကျေးရွာအုပ်စုရှိ လူနေအိမ်(၅၀)လုံး၊ အိမ်ထောင်စု(၅၀)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၆၄၅၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး(၅၀)အိမ်ထောင်စာအား (၂၅-၄-၂၀၁၉)ရက်နေ့တွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံံ့ခဲ့ပြီး (၁၅-၄-၂၀၁၉)ရက်နေ့တွင် လေဘေးဖြစ်ပွားသော ကျွန်းလှမြို့နယ်၊ညောင်ကိုင်းကျေးရွာအုပ်စု၊ညောင်ကိုင်းကျေးရွာမှ ထပ်တိုးလေဘေးသင့် အိမ်ခြေ(၂)အိမ်မှ အိမ်ထောင်စု(၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး (၂)အိမ်ထောင်စာ တို့အား(၂၅-၄-၂၀၁၉)ရက်နေ့တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ) # ha_sgw # sgg _apr2019 … Read more

  • ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၉)ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး/ဝါးထရံကာ/ ပျဉ်ထောင်/ပျဉ်ခင်း နေအိမ်(၇)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ခြေ/အိမ်ထောင်စု (၇)စုမှ လူဦးရေ(၂၂)ဦး ဘေးဒုက္ခခံစားခဲ့ရကြောင်း၊ အဆိုပါ လေဘေးသင့် အိမ်ထောင်စု(၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ(၆၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာ (၇)ရက်စာ (၄၆,၂၀၀)ကျပ်၊ စုစုပေါင်းငွေကျပ် (၆၄၆,၂၀၀)တို့အား (၂၅-၄-၂၀၁၉)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ၊ နန့်ဝါကျေးရွာနှင့် မန့်ဝိန်းကျေးရွာတို့တွင် (၁၅- ၄ -၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အိမ်ထောင်စု (၃၄) စု ၊လူဦးရေ( ၁၇၀)ဦးတို့အတွက် ဆန်ရိက္ခာနှင့် အိမ်ဆေ ာက်ပစ္စည်းတန်ဖိုးငွေ( ၃၂၄၆၅၀၀/-) ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး တန်ဖိုး(၆၂၉၃၄၀/-)၊ စုစုပေါင်းတန်ဖိုးငွေ (၃၈၇၅၈၄၀/-) တ့ိုအား (၂၅-၄-၂၀၁၉) ရက်နေ့(၁၀း၀၀) အချိန်တွင် ဝါရှောင်ဘုရားကျာင်း၌လည်းကောင်း၊(၁၁:၃၀) အချိန်တွင် မန့်ဝိန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း ထောက်ပံမှုများပေးအပ်ခဲ့ရာ … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂၄-၄-၂၀၁၉)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်၌ သရက်မြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ဆင်သေကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦး မီးဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)၊  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ(၁)အိမ်ထောင်စာတို့ကို (၂၅-၄-၂၀၁၉)ရက်နေ့တွင်  သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာစာရေးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_fir # … Read more

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်းသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၂၅-၄-၂၀၁၉) ရက်နေ့ (၁၀:ဝဝ)နာရီမှ(၁၁း၃၀)နာရီထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဘုန်းကြီးကျောင်း(ဓမ္မာရုံ)တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိ ပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင် များဝေငှခြင်းနှင့် နံရံကပ်ပိုစတာများကပ်ခြင်းတို့အားကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထုအင်အား စုစုပေါင်း(၁၀၀)ဦး ခန့်တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။#ar #mon_apr2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊  မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မိုင်းဖြတ်မြို့နယ်တွင် (၂၃-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဝမ်ဟွေရပ်ကွက်၊ဘူးဖါးကျေးရွာနှင့် အေးဆုဒေ ကျေးရွာတို့တွင် သွပ်မိုးပျဉ်ကာအိမ်(၃)လုံး၊ ဓနိမိုးထရံကာအိမ်(၁)လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းလေဘေးသင့်ခဲ့ပြီး အဆိုပါလေဘေးသင့်သွပ်မိုးပျဉ်ကာအိမ်ထောင်စု(၃)စုအတွက် (၁)အိမ် ထောင်လျှင် (၁၀၀,၀၀၀)ကျပ်နှုန်းဖြင့် (၃၀၀,၀၀၀) ကျပ်၊ ဓနိမိုးထရံကာ အိမ်ထောင်စုအတွက် (၁၂,၀၀၀) ကျပ်နှင့်ဘုန်းကြီးကျောင်းအတွက် (၁၀၀,၀၀၀) ကျပ်၊ စုစု ပေါင်းထောက်ပံ့ငွေ(၄၁၂,၀၀၀) ကျပ်တို့ကို (၂၅-၄-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #shn_apr2019 Source: … Read more

  • လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးနှင့် အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၉) ရက်နေ့က အင်္ဂပူမြို့နယ်၊   သက္ကယ်တန်းကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာအုပ်စုများမှ တစ်အုပ်စုလျှင် နေအိမ်အလုံး (၃၀)အား လေဘေးကြိုတင်ပြင်ဆင်ရေးအဖြစ် မွမ်းမံပြင်ဆင်ခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်ဗီနိုင်းပိုစတာစိုက်ထူခြင်းလုပ်ငန်းများအား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူလူထုများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

  • လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်မိုးကြိုကာလဖြစ်သောဧပြီ၊မေလများတွင်လေပြင်းများကျရောက်နိုင်သဖြင့် (၂၄-၄-၂၀၁၉) ရက်နေ့၌ မြန်အောင်မြို့နယ်၊ လက်ပံကွင်းအုပ်စု၊ ထိန်သေးကြီးအုပ်စု၊ မျှင်ဝါးတောင်အုပ်စုတို့ရှိ နေအိမ်များအနက်မှ (၁)အုပ်စုစီလျှင် အိမ်ခြေ(၃၀)လုံးကို ကျေးရွာအုပ်စု/ရပ်ကွက်ကော်မတီဝင်းများ ရပ်မိရပ်ဖများ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအားပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) # ar_sgw # ayy_apr2019  

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    (၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့ မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ======================================== “ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ “

Sign Up

Upcoming Events