Author Archives: Department of Disaster Management

  • လပွတ္တာမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဝေငှပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)မှတာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ သင်္ဃန်းကြီးကျေးရွာတွင်(၂၅-၄-၂၀၁၉)ရက်နေ့ (၁၀း၀၀)အချိန်၌ ကျေးရွာနေ ပြည်သူ(၇၀) ဦးတို့ကိုလည်းကောင်း၊ သပြုကုန်းကျေးရွာ အုပ်စု၊ သပြုကုန်းကျေးရွာ၌(၂၅-၄-၂၀၁၉) ရက်နေ့(၁၃:၃၀) အချိန်တွင် ကျေးရွာနေပြည်သူ (၁၀၀)တို့ကို လည်း ကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင် များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_apr2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၉) ရက်နေ့ (၈းဝဝ) မှ (၉းဝဝ) အချိန်ထိ ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာအုပ်စု၊ ရေအိုး စဉ်ကျေးရွာတွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိသည့် အိမ်ခြေ(၃၅)အိမ်၊ လူဦးရေ(၁၇၀) ဦးအတွက် သောက်သုံးရေဂါလံ( ၁၆၀၀ ) အား သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_drg #npw_apr2019Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေလှူဒါန်းမှုသတင်း

    Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူး ရုံးမှတာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အပြင်ရေဆိုင်ကျေးရွာနှင့် ကျောက်ဖျာလေးကျေးရွာ၌ သောက်သုံး ရေရှားပါးသည့် အိမ်ခြေ (၃၃၀) ရှိ လူဦးရေ (၁၄၀၀) ဦးတို့အတွက် သောက်သုံးရေ ဂါလန် (၃၀၀၀) အား (၂၅-၄-၂၀၁၉) ရက်နေ့တွင် လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။#ha_drg #ayy_apr 2019

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် မြန်အောင်မြို့နယ်၊ အစယ်အုပ်စု၊ ညောင်ဝိုင်းအုပ်စု၊ ကြူတောအုပ်စု၊ ရိုက်အုပ်စုတို့ရှိ နေအိမ်များအနက်မှ (၁)အုပ်စုစီလျှင် အိမ်ခြေ (၃၀)လုံးစီကို ကျေးရွာအုပ်စု/ရပ်ကွက်ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအား ပြုပြင်မွမ်းမံထားမှုအခြေအနေတို့ကို (၂၅-၄-၂၀၁၉)ရက်နေ့က ကွင်းဆင်းစစ်ဆေး၍ ဆောင်ရွက်ဆဲနေအိမ်များကို ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၅-၄-၂၀၁၉)ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ကချင်စု၌ ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ခြေ/အိမ်ထောင်စု (၁)စု မှ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာတန်ဖိုးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁၁၀,၅၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၁)အိမ်ထောင်စုစာတို့ကို (၂၅-၄-၂၀၁၉)ရက်နေ့တွင် ဆင်ဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှတဆင့် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

  • သောက်သုံးရေလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၅-၄-၂၀၁၉) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါဆိုဖ်ကျေးရွာသို့ ဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ် (၁) စီးဖြင့် ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းများနှင့်အတူ သောက်သုံးရေသွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#ha-drg #kyh_apr2019 သောက်သုံးရေလှူဒါန်းမှုသတင်း

  • သောက်သုံးရေလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၄-၄-၂၀၁၉) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာအုပ်စု၊ လီဝိုးကျေးရွာသို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ် (၁) စီး၊ ဖရူဆိုမြို့နယ်၊ ကေးလ်ားကျေးရွာအုပ်စု၊ ဒေါတကလဲကျေးရွာ၊ ကေးလ်ား ကျေးရွာ၊ မြို့မကျေးရွာအုပ်စု၊ ခေါသ မော ကျေးရွာများသို့ ဂါလံ (၁၂၅၀) ဆံ့ရေသယ်ယာဉ် (၃) စီး၊ ဘောလခဲမြို့နယ်၊ ဘူးခူကျေးရွာအုပ်စု ၊ ဘူးခူကျေးရွာသို့ ဂါလံ (၁၆၀၀) ဆံ့ရေသယ်ယာဉ် (၂) စီး၊ စုစုပေါင်းရေသယ်ယာဉ်(၆) စီးဖြင့် … Read more

  • သောက်သုံးရေလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၄-၄-၂၀၁၉) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ထီးဗျားကျေးရွာ၊ ဒေါပိုရွေ့ကျေးရွာ၊ ဒေါခူလီကျေးရွာ၊ လောပလ်ားလဲကျေးရွာများသို့ ဂါလံ (၁၂၅၀) ဆံ့ရေသယ်ယာဉ် (၄) စီးဖြင့်၊ ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှဝန်ထမ်းများနှင့်အတူ သောက်သုံးရေသွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#ha-drg #kyn_apr2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ဆည်ကြီးများ၏ကြံ့ခိုင်မှုအခြေအနေနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ကာကွယ် တုံ့ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

    ဧပြီလ၂၅၊နေပြည်တော် ဆည်ကြီးများ၏ကြံ့ခိုင်မှုအခြေအနေနှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ကာကွယ်တုံ့ပြန်နိုင်ရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင်ရုံးအမှတ်(၁၅)၊အစည်းအဝေးခန်းမ၌ကျင်းပရာစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ဒုတိယဝန်ကြီးဦးလှကျော်၊ဦးစိုးအောင်နှင့်သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ဆွေးနွေးကြပါသည်။ ပထမဦးစွာပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူကဆည်တမံများအနေဖြင့်စိုက်ပျိုးမွေးမြူရေးနှင့်ရေအားလျှပ်စစ်ထုတ်လုပ်ရေးသာမကဒေသစိမ်းလန်းစိုပြေရေးနှင့်ရေချိုရှားပါးမှုပြဿနာကိုကာကွယ်ပေးနိုင်ရေးတို့အတွက်အကျိုးပြုနိုင်ရေးမျှော်မှန်းဆောင်ရွက်ခဲ့သည့်နည်းတူဆည်များတည်ဆောက်စဉ်ကဒေသရေမြေဖြစ်တည်မှု၊ယင်းဒေသ၏ရာသီဥတုမိုးရေချိန်နှင့်သဘာဝဘေးဖြစ်ပေါ်နိုင်မှုအခြေအနေများအပေါ်ပညာရှင်များကစနစ်တကျစိစစ်တွက်ချက်ပြီးစီမံခန့်ခွဲမှု၊ထိန်းသိမ်းကြပ်မတ်မှုလုပ်ငန်းများထည့်သွင်းဆောင်ရွက်ထားပါကြောင်း၊ဆည်တမံကြီးများသည်မြေအောက်ရေမြင့်တက်စေခြင်းနှင့်ရေချိုသယံဇာတတိုးပွားစေခြင်းများအကျိုးပြုနိုင်သော်လည်းအခြားတစ်ဘက်တွင်လည်းငလျင်ကြီးများအပါအဝင်မမျှော်မှန်းနိုင်သောဘေးအန္တရာယ်များကြောင့်ဖြစ်ပေါ်လာနိုင်သောနောက်ဆက်တွဲပြဿနာများအပေါ်ပညာရှင်များ၏အကြံဉာဏ်များကိုရယူပြီးကြိုတင်ကာကွယ်မှုအစီအစဉ်များရေးဆွဲဆောင်ရွက်ခြင်း၊တည်ဆောက်ပြီးဆည်များ၏ကြံ့ခိုင်မှုထိန်းသိမ်းဆောင်ရွက်ခြင်း၊သဘာဝဘေးနှင့်ရာသီဥတုသက်ရောက်မှုအခြေအနေများကိုအချိန်နှင့်တပြေးညီထုတ်ပြန်အသိပေးနိုင်ရန်သက်ဆိုင်ရာဌာနများ၊ဒေသတာဝန်ရှိသူများ၊ဒေသနေပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများစီမံဆောင်ရွက်ထားရှိမှုအခြေအနေများကိုဆွေးနွေးပြောကြားပါသည်။ ဆက်လက်၍ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ဘေးကင်းလုံခြုံမှုအတွက်ကြိုတင်ကာကွယ်ရေး၊လျင်မြန်စွာတုံ့ပြန်ရေး၊ထိရောက်သည့်တုံ့ပြန်မှုနည်းလမ်းများဖြင့်ပြည်သူများအပေါ်အကျိုးပြုနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ဆည်တမံကြီးများတည်ဆောက်ခြင်းကြောင့်ရရှိလာမည့်အကျိုးကျေးဇူးနှင့်သက်ရောက်နိုင်သည့်ဆိုးကျိုးများအနည်းဆုံးဖြစ်စေရေးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ဒေသအလိုက်ဆည်တာတမံများ၏ကြံ့ခိုင်မှုနှင့်ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၏အချက်အလက်များကိုအသုံးပြု၍ဆည်ဝန်းကျင်ရှိရပ်ရွာလူထုအားဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်မှု၊ပြင်ဆင်မှုအရေးပေါ်တုံ့ပြန်မှုတို့အတွက်ဇာတ်တိုက်လေ့ကျင့်မှုများကိုပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ဝန်ကြီးဌာန(၂)ခုတည်းနှင့်လည်းဆောင်ရွက်၍မရပါကြောင်း၊အခြားဆက်စပ်ဝန်ကြီးဌာနများ၊လူမှုအဖွဲ့အစည်းများ၊ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ဆည်များအတွင်းနုန်းပို့ချမှုလျော့နည်းစေရန်အတွက်ဆည်၏ရေဝေရေလဲဒေသများတွင်၊သစ်တောသစ်ပင်များပြုစုစိုက်ပျိုးဖြစ်ထွန်းရေးတို့ကိုလည်းတိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊တမံများမှစီးဆင်းလာသောရေလမ်းကြောင်းရှိမြောင်း၊ချောင်းများတစ်လျှောက်တွင်လည်းရေကြမ်းပြင်မြင့်တက်မှုမရှိစေရေးရေလမ်းကြောင်းများပြုပြင်တူးဖော်ရန်လည်းအရေးကြီးပါကြောင်း၊လုပ်ငန်ဆက်စပ်မှုများအရကြိုတင်ကာကွယ်မှုများကိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊မိမိတို့ဘက်ကလည်းဖြစ်ပေါ်လာနိုင်သည့်ဘေးအန္တရာယ်အပေါ်ထိရောက်သောတုန့်ပြန်မှုများကိုပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းပြောကြားပါသည်။ ထို့နောက်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာနညွှန်ကြားရေးမှူးချုပ်ကတည်ဆောက်ပြီးဆည်တမံများအားသဘာဝဘေးအန္တရာယ်မှကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေးအတွက်ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးများ၊ဒုတိယဝန်ကြီးများနှင့်အစည်းအဝေးတက်ရောက်လာကြသူများကဝိုင်းဝန်းဖြည့်စွက်ဆွေးနွေးကြကြောင်းသိရှိရပါသည်။

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    (၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့ မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ====================== “ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနေပြီး နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

Sign Up

Upcoming Events