Author Archives: Department of Disaster Management

  • COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝ ဘေးအန္တရာယ်များအားအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၇-၆-၂၀၂၀) ရက်နေ့ (ဝ၇:၃၀)နာရီအချိန်မှ စတင်ပြီး မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်(၇)ရပ်ကွက်နဲ့ ကျေးရွာ(၁၂)ရွာသို့ လှည့်လည်ပြီး COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး နှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးနှိုးဆော်ခြင်းများနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_jun2020

  • Covid-19 ကူးစက်ရောဂါနှင့် မိုးကြိုးဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၂၀) ရက်နေ့တွင် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဘိုးသာအောင်ကုန်းကျေးရွာ၊ အနောက်ညောင်ကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ညောင်ပင်ကုန်းကျေးရွာ၊ စခန်းကြီးကျေးရွာ၊ ကျောင်းတော်ရာကျေးရွာ၊ ကျီးမနိုးကျေးရွာ၊ သပြေကုန်းကျေးရွာ၊ လှေဆိုင်ကျေးရွာ၊ ဟင်္သာကန်ကျေးရွာ၊ တောင်တွင်းစုကျေးရွာ၊ အုန်းတောကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ဘိုကုန်းကျေးရွာနှင့် ပျဥ်ပုံကျေးရွာတို့အတွင်း ပြည်သူများအား COVID-19 ကူးစက်ရောဂါ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအန္တရာယ်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #bgo_jun2020 Source:             ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • DRR Platform ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူမြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ဘေးအန္တရာယ်လျှော့ချရေးလုပ်ငန်းစဉ်တွင် ထိရောက်သော အကူအညီများ ထောက်ပံ့ပေးနိုင်ရန်နှင့် ‌ဘေးအန္တရာယ်လျှော့ချရေးလုပ်ငန်းများဆောင်ရွက်နေသော အဖွဲ့များအချင်းချင်း ချိတ်ဆက်မှုအားကောင်းပြီး ဘေးအန္တရာယ်ကို အချိန်နှင့်တပြေးညီ တုံ့ပြန်နိုင်ရေးတို့အတွက် DRR Platform ဖွဲ့စည်းခြင်းအခမ်းအနားကို ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခမ်းမ၌ (၂၇-၆-၂ဝ၂ဝ)ရက်နေ့တွင် ပခုက္ကူမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၊ လူမှုရေးအသင်းအဖွဲ့များ၊ NGOများနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_jun2020 Source:             ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID 19 , မိုးကြိုးဘေးနှင့် ရေဘေး အသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ (၂၇-၆၂၀၂၀)ရက်နေ့တွင် မင်းကင်းမြို့နယ် ကျေးတောင်ဦးကျေးရွာ၊ ကံကျေးရွာနှင့် တောင်ယာတောကျေးရွာတို့ရှိ ပြည်သူများအား မိုးကြိုးဘေး၊ ရေဘေးနှင့် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ အသိပညာပေး ‌ဆော်ဩခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_jun2020 Source:             မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများဆောင်ရွက်

    မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် (၂၅-၆-၂၀၂၀)နေ့၊ နံနက်(၇)နာရီကျော်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေနီချောင်း ရေကြီးရေလျှံမှုဖြစ်ရာမှ လူနေရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားရာ မြို့မရပ်ကွက်တွင် မြေထိန်းနံရံ အလျားပေ(၇၀)ခန့် ပြိုကျခြင်း၊  လယ်ဦးရပ်ကွက်ရှိ တိုင်းရင်းဆေးရုံ ခြံစည်းရိုးပြိုကျခြင်း၊ မြေမဲကျေးရွာနှင့် ကိုးလံကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထလမ်းသည် လမ်းအောက်ရှိ လိုဏ်ပေါက် များကြောင့် ပေ(၃၀)ခန့် ပြိုကျပျက်စီးခဲ့ခြင်း၊ စုစုပေါင်းနေအိမ်(၂)လုံးပြိုကျပျက်စီးပြီး နေအိမ်(၄)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်းတို့ဖြစ်ခဲ့ပြီး မြို့မရပ်ကွက်ရှိနေအိမ်(၁၃)လုံးမှာ ကမ်းပါးပြိုကျမည့် အန္တရာယ်ရှိသဖြင့်လည်းကောင်း၊ ရှောလီဝိုင်းရပ်ကွက်ရှိ နေအိမ်(၂)လုံးအနီးရှိ ကျောက်ရိုးများ အက်ကွဲလာခြင်းကြောင့်လည်းကောင်း လူများကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊‌ ၀က်သက်ရွာမကျေးရွာတွင် (၂၄-၆-၂၀၂၀)ရက်နေ့ ၁၅း၃၀)နာရီမှ (၁၆:၁၅)နာရီအချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ဘုန်းကြီး ကျောင်း(၁)ကျောင်း၊ အမိုးလန်နေအိမ်(၆)လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၉)ဦးတို့အတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၆၀၉၀ဝိ/-)၊ စုစုပေါင်း(၃၁၀၉၀ဝိ/-)အား ထီးလင်းမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၏ရှေ့ မှောက်၌ လေဘေးသင့်ပြည်သူထံသို့ (၂၆-၆-၂၀၂၀)ရက်နေ့ (၁၀:၃၀)နာရီ အချိန်၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #mgy_jun2020 Source:             ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး ( ဘစမ … Read more

  • Covid-19 နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ (၂၆.၆.၂၀၂၀)ေန့တွင် ကောလင်းမြို့နယ်၊ ဆင်ကုန်းကျေးရွာ၊ ကျွန်းပင်သာကျေးရွာ၊ လျှော်ဖြူကုန်းကျေးရွာ၊ ဘန့်ဘွေးကုန်းကျေးရွာ၊ ကညို့အင်းကျေးရွာသို့ Covid.19 ကူးစက်ရောဂါ၊ မိုးကြိုးဘေးနှင့် ရေဘေး အသိပညာပေး ဆောင်ရန်ရှောင်ရန်များ လှည့်လည်ဆော်ဩခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_jun2020   Source:                         ကောလင်းမြို့နယ်ဦးစီးမှူးရုံး ( ဘစမ

  • Covid-19 နှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၂၆.၆.၂၀၂၀) နေ့တွင် ကသာမြို့ပေါ်ရှိ ရပ်ကွက်များ ဖြစ်သော ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)၊ ရပ်ကွက်(၄)၊ ရပ်ကွက်(၅)၊ ရပ်ကွက်(၆)၊ ရပ်ကွက်(၇)၊ ရပ်ကွက်(၈)၊ ရပ်ကွက်(၉)နှင့် ရပ်ကွက်(၁၀) ရှိ ပြည်သူများသို့  Covid-19 ကူးစက်မြန်ရောဂါနှင့်ပတ်သတ်၍ ပြည်သူသို့ ပန်ကြားချက်၊  မိုးကြိုးဘေး၊ ရေဘေး အန္တရာယ်နှင့်ပတ်သက်၍ အသိပညာ ပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို (၁၄း၀၀)နာရီအချိန်မှ (၁၈း၀၀)နာရီ အချိန်ထိ  အသိပေးကြေညာခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar … Read more

  • Covid-19 နှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ အလင်းရောင်ပရဟိတအသင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ( ၂၆ – ၆ – ၂၀၂၀)ရက်နေ့ (၀၉:၀၀)နာရီမှ ( ၁၈:၃၀)နာရီအထိ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု( ၅)အုပ်စု၊ ကျေးရွာပေါင်း( ၂၆)ရွာတို့အား Covid-19 ကူးစက်​ရောဂါ ကြိုတင်ကာကွယ်​ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ( မိုးကြိုး​ဘေး၊ ​လေပြင်း​ဘေး၊ ​ရေ​ဘေး)ကို ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုထံသို့ Hand Speaker စက်ဖြင့် လှည့်လည်၍ အသိပညာပေး ဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း … Read more

Sign Up

Upcoming Events