Author Archives: Department of Disaster Management

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၀)ရက်နေ့ညနေ (၁၃း၀၀)အချိန်မှ (၁၄း၁၅)အချိန်အထိ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်တွင် COVID-19ရောဂါ၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ရေဘေးတို့နှင့် ပတ်သက်၍ ပြည်သူလူထုမှ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ဆောင်ရန်/ရှောင်ရန် အချက်များအား Hand Speaker ဖြင့်လိုက်လံနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #rke_jun2020 Source:             ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေဖြန့်ဝေခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အနောက်ပိုင်း၊ တောင်ပိုင်း)၊ ဘိုတဲ(တဲတိုက်)နှင့် ဦးကျော်စိန်(တဲတိုက်)ရှိ အိမ်ခြေ (၁၀၃) လုံး၊ အိမ်ထောင်စု(၁၀၉) စု၊ လူဦးရေ (၅၁၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၂၈- ၆-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ha_drg #mgy_jun2020 Source:             မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ (၂၇-၆-၂၀၂၀) ရက်နေ့တွင် ခန္တီးမြို့နယ်၊ သာယာကုန်းေကျးရွာအတွင်း COVID-19 ကူးစက်ရောဂါအသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေးအသိပညာပေးဆောင်ဩခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_jun2020 Source:             ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေး ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ တောင်ရွာနောင် ကျေးရွာအုပ်စု၊ တောင်ရွာနောင်ကျေးရွာ တွင် (၂၇.၆.၂၀၂၀) ရက်နေ့ (၁၈:၀၀) အချိန်၌ ဧရာဝတီမြစ်ရေတိုက်စားသဖြင့် ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ရသော နေအိမ် (၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀)ကျပ်နှင့် (၁၈၈၃၈) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးပါ (၃)အိမ်ထောင်စာတို့ကို (၂၈.၆.၂၀၂၀) ရက်နေ့ (၁၀:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #mdy_jun2020 Source:             ညောင်ဦးခရိုင်ဦးစီးမှူးရုံး … Read more

  • ကမ်းပြိုဘေး ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ လက်ပံခုန်ကျေးရွာအုပ်စု၊ ဘူးခုံကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၁)အိမ်ထောင်စာအား (၂၈-၆-၂၀၂၀)ရက်နေ့ (၁၀း၃ဝ)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #bgo_jun2020 Source:             မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် မိုးကြိုးဘေးအသိပညာပေး ဆောင်ရွက်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ​​ဒေးဒရဲမြို့နယ်၊ ကျုံဒါတ်ကျေးရွာအုပ်စု၊ ကျုံဒါတ်ကျေးရွာ၊​ ရေတွင်းကုန်းကျေးရွာ၊​တော်ကနိကျေးရွာ၊ သံဒိတ်ကျေးရွာ၊ ပ​ဒေသာကုန်း​ကျေးရွာရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ မိုးကြိုး​ဘေးအသိပညာ​ပေး​ဆော်ဩခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ayy_jun2020 Source:             ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး ဆောင်ရွက်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှရုံးမှ တာဝန်ရှိသူများသည် ရှမ်းတဲမေတ္တာပရဟိတအဖွဲ့နှင့်ပူးပေါင်း၍  (၂၇-၆-၂၀၂၀)ရက်နေ့ တွင် မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာအုပ်စု၊ အရာတော်ကျေးရွာအုပ်စု၊ သမင်လျှိုကျေးရွာအုပ်စုရှိကျေးရွာ( ၂၂)ရွာသို့ Covid19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်းနှင့် သဘာဘေးအန္တရာယ်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mdy_jun2020 Source:             မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး ဆောင်ရွက်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများ၊ အလင်းရောင်ပရဟိတအသင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ( ၂၇ – ၆ – ၂၀၂၀)ရက်နေ့ (၀၉:၀၀)နာရီမှ ( ၂၀:၀၀)နာရီအထိ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၈)အုပ်စု၊ ကျေးရွာပေါင်း( ၂၈)ရွာတို့အား Covid-19 ကူးစက်​ရောဂါ ကြိုတင်ကာကွယ်​ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ( မိုးကြိုး​ဘေး၊ ​လေပြင်း​ဘေး၊ ​ရေ​ဘေး)ကို ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုထံသို့ Hand Speaker စက်ဖြင့် လှည့်လည်၍ အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   … Read more

  • မီးဘေးနှင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မလှိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မလှိုင်မြို့နယ်၊ ရုံးပင်ဇောက်ကျေးရွာတွင် (၂၅-၆-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားသောမီးဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၁၀၀၀၀ဝိ/-)၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ်(၄၂၀ဝိ/-)၊ (၃၄၇၅၃ိ/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု(၁)စုစာနှင့် (၂၆-၆-၂၀၂၀)ရက်နေ့ နှောကန်ကျေးရွာတွင် ဖြစ်ပွားသော မိုးသက်လေပြင်းကြောင့် အမိုးလန်ပျက်စီးဘုန်းတော်ကြီး‌ကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေကျပ်(၁၀၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေကျပ်(၂၃၈၉၅၃ိ/-)အား ဘေးသင့်ပြည်သူများထံသို့ (၂၇-၆-၂၀၂၀)ရက်နေ့တွင် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir & sgw #mdy_jun2020 Source:             မလှိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၆.၂၀၂၀)ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ ကင်းရှေ့ကျေးရွာနှင့် ဆေးဖြတ်ကုန်း‌ကျေးရွာရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါနှင့်ပက်သက်၍ လိုက်နာ‌ဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့‌ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သော ဆောင်ရန်‌/ရှောင်ရန်အချက်များအား အသိပညာပေးပန်ကြားခြင်း၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_jun2020 Source:             သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events