လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၂၂) ရက်နေ့(၁၄း၃၀)နာရီ အချိန်ခန့်၌ ပေါင်မြို့နယ်၊ ဝဲပတန်ကျေးရွာအုပ်စု၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)နှင့် လူဦးရေ(၃၉)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ( ၈၁၉၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (၃၈၁၉၀၀/-)အား (၁၇-၈-၂၀၂၂)ရက်နေ့ (၁၃:၀၀) နာရီအချိန်ခန့်တွင် ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mon_aug_2022
Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events