သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်ပြီးစီးမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၆-၈-၂၀၂၂)ရက်နေ့မှ (၂၀-၈-၂၀၂၂) ရက်နေ့အထိဖွင့်လှစ်မည့် “တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂)”အား (၁၆.၈.၂၀၂၂)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ သင်တန်းသား/ သင်တန်းသူ(၅၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#bgo_august_2022
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events