လေဘေးသင့်နေအိမ်နှင့် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ​ချောင်း၀​ကျေးရွာအုပ်စု၊ ​ချောင်း၀​ကျေးရွာ၊ သရက်​တောပိုင်းရပ်ကွက်၌ (၈-၈-၂၀၂၂)ရက်​နေ့တွင် ဖြစ်ပွားခဲ့​သော ​လေ​ဘေး​ကြောင့် အုန်းပင်ပြိုလဲ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့​သော ​​နေအိမ် (၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၅၀,၀၀၀/-)၊ ​ဘေးသင့်လူဦး​ရေ (၆)ဦးအတွက် ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ (၇) ရက်စာ (၁၂,၆၀ဝ/-)၊ စုစုပေါင်း​ထောက်ပံ့​ငွေ (၆၂,၆၀ဝ/-) ကျပ်နှင့် ငပု​တောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ​ဖောင်ဒိုး​ကျေးရွာအုပ်စု၊ ​ရေသိုး​ကျေးရွာ၌ (၉-၈-၂၀၂၂) ရက်​နေ့၌ ​တောဆင်ရိုင်း​ဘေး​ကြောင့် ပျက်စီးခဲ့​သော တစ်စိတ်တစ်ပိုင်းပျက်စီး​နေအိမ် (၃)လုံးအတွက် အိမ်​ဆောက် ပစ္စည်းဖိုး​ထောက်ပံ့​ငွေ(၇၀,၀၀၀/-)၊ ​ဘေးသင့်လူဦး​ရေ (၁၁)ဦးအတွက် ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ (၇)ရက်စာ (၂၃,၁၀ဝ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ (၉၃,၁၀ဝ/-) ကျပ်တို့အား (၁၀-၈-၂၀၂၂)ရက်​နေ့ (၁၁း၃၀)နာရီအချိန်တွင် သက်ဆိုင်ရာ တာ၀န်ရှိသူများ​ရှေ့​မှောက်၌ ​ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#otr

#ayy_aug2022

Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events