လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ််ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၂၁)ရက်နေ့၌ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဝါဆိုရပ်ကွက်၊ (၂)လမ်း တွင်ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၃)လုံး၊ ပြိုလဲနေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၇၀၀၀ဝိ/-)၊ လူဦးရေ(၁၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၉၉၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၀၉၉၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁) အိမ်ထောင်စာနှင့် (၁၆)မျိုး(၁)အိမ်ထောင်စာ၊ ကတ္ထူစက္ကူပုံး(၂)ပုံးတို့အား (၃-၈-၂၀၂၁) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#bgo_aug_2021

Sign Up

Upcoming Events