လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း မြို့၊ မြစ်ဆယ်ကျေးရွာအုပ်စု၊ မြစ်ဆယ်ကျေးရွာနှင့် အသုတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဆေးရုံကွက်သစ် (၁) လမ်း၌ (၂၂-၇-၂၀၂၁) ရက်နေ့တွင် ​​​​ ဖြစ်ပွားခဲ့သော​ လေ​ဘေးကြောင့် ဘေးသင့်အမိုးလန်ပျက်စီးနေအိမ်(၂ ) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ ​လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၇)ရက်စာ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၂,၆၀ဝ/-)ကျပ်တို့အား (၂-၈-၂၀၂၁) ရက်နေ့ (၁၄:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_aug2021

Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events