လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန၊ ရွှေကျင်မြို့နယ်ဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၂၁)ရက်နေ့၌ ရွှေကျင်မြို့နယ် သံဆိပ်ကျေးရွာအုပ်စု၊ သံဆိပ်ရွာမကျေးရွာနှင့် ပန်းအင်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သောလေဘေးမှ ပြိုလဲနေအိမ်(၃)လုံးနှင့် အမိုးလန်နေအိမ်(၈)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၄၀၀၀၀/-) ကျပ်၊ လူဦးရေ(၄၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၉၈၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၃၈၇၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိူးပါ (၃) အိမ်ထောင်စာတို့အား(၂-၈-၂၀၂၁) ရက်နေ့(၁၃:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရွှေကျင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#bgo_aug_2021

Sign Up

Upcoming Events