လေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၂၁) ရက်နေ့ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ကုလားကျွန်းကျေးရွာအုပ်စု၊ အလယ်စု ကျေးရွာတွင် (၁၄.၆.၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၉)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာရန်ပုံငွေ (၁၈၉၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၁၈၉၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၃)ပုံးတို့အား (၁၅.၆.၂၀၂၁)ရက်နေ့၊ (၁၁:၃၀)နာရီ အချိန်တွင် အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_jun2021

Source:   မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events