လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်အတွင်း(၁၂-၅-၂၀၂၁)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် အောင်မြင်သာကျေးရွာအုပ်စု၊ အောင်မြေရိပ်သာကျေးရွာတွင် လူနေအိမ်(၃၅)လုံး၊ ကံကြီးကျေးရွာအုပ်စု၊ ကံကြီးကျေးရွာ၊ နောင်ဘိုအိုးကျေးရွာနှင့် လက်ပံပုကျေးရွာတွင် လူနေအိမ်(၃၂)လုံး၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ ကြပ်ချောင်းကျေးရွာတွင် လူနေအိမ်(၅)လုံး၊ စုစုပေါင်း လူနေအိမ်(၇၂)လုံး အမိုးလန်ပျက်စီးခဲ့ရာ အဆိုပါလေဘေးသင့်အိမ်ထောင်စု(၇၂)စု၊ ဘေးသင့်လူဦးရေ(၂၇၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၈၁၇၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၂၇၂၀၀၀)ကျပ် စုစုပေါင်း ရန်ပုံငွေ(၃၈၅၃၇၀၀)အား (၁၄-၅-၂၀၂၁)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#npw_may2021
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events