Early Childhood Intervention (ECI) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ မေလ ၁၀ ရက်

ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း (Early Childhood Intervention- ECI) ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့၊နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ Virtual ဖြင့် ကျင်းပပြု လုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက် ခဲ့ကြပါသည်။

ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာနသည် ၂၀၁၄ ခုနှစ်တွင် ပြဌာန်းခဲ့သော ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒပါ မဟာ ဗျူဟာ(၁၀)ရပ်အနက် မဟာဗျူဟာ(၃)အရ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုး တိုးတက်မှု အခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းအတွက် အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၇-၂၀၂၁)ကို (၇.၄.၂၀၁၇)ရက်နေ့တွင် မိတ်ဆက်ဖြန့်ချီခဲ့ပါကြောင်း၊ (Early Childhood Intervention- ECI) ကို ပညာရေး၊ ကျန်းမာရေး၊ အဟာရနှင့် အကာအကွယ်ပေးရေး နယ်ပယ်များတွင် ကဏ္ဍပေါင်းစုံပါဝင်သည့်ဝန်ဆောင်မှုများကို ဆက်စပ်ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများနှင့်အတူ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ အဟာရချို့တဲ့ခြင်း၊ မသန်စွမ်းနှင့်အခြား လိုအပ်ချက်များရှိခြင်း စသည့်ဖွံ့ဖြိုးမှုနှောင့်နှေးဖွယ်ရှိသည့် မွေးစမှ(၅) နှစ်အရွယ် ကလေးများအားလုံးသည် ဖွံ့ဖြိုးတိုးတက်နိုင်မည့် အလားအလာများကို အပြည့်အဝရရှိရန်နှင့် အခွင့်အရေးများကို ခံစားရရှိနိုင်ရန်အရည်အသွေးမြင့်မားသည့် ECI ဝန်ဆောင်မှုများကို ရရှိနိုင်ရမည်ဆိုသည့် အနာဂတ်မျှော်မှန်းချက်ကို ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့ရှိ မြို့နယ်/ကျေးရွာ(၇)ခုကို ရှေ့ပြေးဧရိယာများအဖြစ်ရွေးချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းသားများရွေးချယ်၍ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းများ၊ လုပ်ငန်းခွင် သင်တန်းများ၊ မွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခဲ့ပါကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး မဟာဗျူဟာပါ ရှေ့လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသွားပါသည်။

ထို့နောက် ဒုတိယဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ်များ၏ ကြီးထွားဖွံ့ဖြိုးမှုကို စနစ်တကျတိုင်းတာစစ်ဆေးပြီး အထူးစောင့်ရှောက်ရန် လိုအပ်နေသောကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ဆောင်မှုများကို ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးတို့အနက် အဓိကကျသည့် ဖွံ့ဖြိုးတိုးတက် ခွင့်နှင့် ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့် ဆိုသည့်အခွင့်အရေးများကို အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း၊ ရပ်ရွာဒေသများမှ ကလေးသူငယ်များ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုရှိနေစေရန်အတွက် ပုံမှန်ဆန်းစစ်မှသာ ဖွံ့ဖြိုးမှုနောက်ကျသော အထူးသဖြင့်ဖွံ့ဖြိုးမှု နောက်ကျရန်အလားအလာ ရှိနေသောကလေးများကို ဆောလျင်စွာတွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ပေးခြင်းအားဖြင့် ရေရှည်မသန်စွမ်းမှုဖြစ်လာမည်ကို တားဆီးနိုင်မည်သို့မဟုတ် အနည်းဆုံးဖြစ်အောင်လျော့ချ နိုင်မည်၊ ကလေးနှင့်မိသားစု၏ အနာဂတ်တွင်သာမက နိုင်ငံတော်၏အနာဂတ်တွင်ပါ ကောင်းကျိုးရရှိနိုင်မည်ဖြစ်ကြောင်း၊ ကလေးငယ်များအနာဂတ် ဖွံ့ဖြိုး တိုးတက်ရေးသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူ့စွမ်းအားဖွံ့ဖြိုးရေးကိုများစွာအထောက်အကူပြုပါကြောင်း၊ ECI လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ လက်ရှိရှေ့ပြေးဧရိယာများတွင် ဆောင်ရွက်နေသည့်တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးချက်များသည်လည်းအရေးပါကြောင်း၊ ဝန်ဆောင်မှုဧရိယာများတွင် လစ်လပ်နေသောဝန်ထမ်းများခန့်အပ်၍ သင်တန်းများပေးရန်၊ လုပ်ငန်းစီမံချက် ပြန်လည်စိစစ်ရေးဆွဲပြီး အမျိုးသားအဆင့်ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုး ထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအစည်းအဝေးနှင့် လုပ်ငန်းကော်မတီအစည်းအဝေးများတွင် တင်ပြသွားရန်နှင့် ECI  ဝန်ဆောင်မှု လုပ်ငန်းများကိုရပ်တန့်စေခြင်းမရှိဘဲဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ECI  ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့ဆက်မည့်လုပ်ငန်းစဉ်များအား ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူတို့မှအသီးသီးဆွေးနွေးခဲ့ပြီးဆက်လက်၍  ECI ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေသော တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ မြေပြင်အခြေအနေများကိုတင်ပြကြပြီး တက်ရောက်လာ သူများမှ အထွေထွေဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနတွင် ပြည်သူလူထုအတွက် ဝန်ဆောင်မှုများ အကျိုးရှိထိရောက်စွာဆောင်ရွက်ပေးလျက်ရှိရာ ECI သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် ကိုယ်ဝန်ဆောင်ကာလကစ၍ ကလေးအသက် (၅) နှစ်အထိ ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပြီး အဆိုပါကာလအတွင်း တိုင်းတာစစ်ဆေးခြင်းမပြုနိုင်ပါက ကလေး သူငယ်များဖွံ့ဖြိုးရေးအတွက် ပြန်လည်ပြုပြင်ပြောင်းလဲရန် ခက်ခဲပါကြောင်း၊ ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံး အချိန် ဖြစ်သည့် အဆိုပါကာလအတွင်းတိုင်းတာစစ်ဆေးခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းလုပ်ငန်းများကိုစနစ်တကျ အကောင်အထည် ဖော်နိုင် မှသာအနာဂတ်လူ့စွမ်းအားအရင်းအမြစ်အတွက် စိတ်ချရမှာဖြစ်ကြောင်း၊ တင်ပြချက်များအရ ဦးစားပေးအဆင့်အလိုက် လုပ်ငန်းစီမံ ချက်များရေးဆွဲခြင်း၊ သင်တန်းများပို့ချခြင်း၊ ကဏ္ဍအားလုံးပါဝင်နိုင်ရေးအတွက် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများပါဝင်သော ကော်မတီ အစည်းအဝေးများကျင်းပပြီး လုပ်ငန်းများဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လမ်းညွှန်ပြောကြား သွားပါသည်။

#hl1

#npw_may2021

Source:  MOSWRR

Sign Up

Upcoming Events