လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ အစည်းအဝေးကျင်းပခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ယင်းဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြ ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်လျက်ရှိပြီး ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို လေ့လာခဲ့ပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများကိုလည်း လုပ်ငန်းတာဝန်များကို ရှင်းလင်း တင်ပြစေခြင်းများလည်း ပြုလုပ်ခဲ့ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနသည် ပြည်သူလူထုနှင့် အများဆုံးထိတွေ့ဆက်ဆံရသည့် ပြည်သူ့အကျိုးကို တိုက်ရိုက်အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်း NGOs, INGOs များနှင့် လည်းထိတွေ့ဆက်ဆံနေရသည့်အတွက် MoU, LoA ကိစ္စများသည့် အရေးကြီးသောကဏ္ဍဖြစ်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိတွေ့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာမှ နည်းပညာအကူအညီ Technical Assistance နှင့် အမူအကျင့်ကောင်း Best Practice များရရှိနိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ၎င်းတို့စီမံကိန်းရန်ပုံငွေဖြင့် မိမိတို့နိုင်ငံ အတွင်း သက်ဆိုင်ရာစီမံချက်၊ စီမံကိန်းအလိုက် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် နိုင်ငံအတွက် Financial Assistance ရရှိသည်ဟုလည်း ဆိုနိုင်ပါကြောင်း၊ တိုင်းပြည်အတွက် တကယ်အကျိုးရှိ နိုင်သော စီမံကိန်းများဖြစ်ရန်လည်း အရေးကြီးပါကြောင်း၊ မိမိတို့တိုင်းပြည်အတွက် ကူညီဆောင်ရွက် ပေးခြင်းများအတွက် လေးစားရမည်ဖြစ်သလို၊ တိုင်းပြည်အကျိုးစီးပွားထိခိုက်စေနိုင်သူများကိုလည်း သတိပြုစောင့်ကြည့်ရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားပါသည်။

ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် MoU, LoA များကိုပြန်လည် စီစစ်ရန် လိုအပ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အဖွဲ့အစည်းအများစုမှာ မိမိတို့ဝန်ကြီးဌာနနှင့် ကာလတာရှည် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့်အဖွဲ့အစည်းများဖြစ်ပါကြောင်း၊ ရေရှည်တွင် မိမိတို့ကိုယ်တိုင် စီမံဆောင်ရွက်နိုင်ဘို့လဲ ကြိုးစားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

            လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ လက်ထောက်အတွင်းဝန်၊ ဒေါ်မီမီသွယ်မှ နိုင်ငံခြားအကူအညီဖြင့် ဆောင်ရွက်သည့်စီမံကိန်းများနှင့် စပ်လျဉ်း၍ နားလည်မှုစာချွန်လွှာ၊ သဘောတူညီမှုစာလွှာ၊ နည်းပညာပူးပေါင်းဆောင်ရွက်မှုစာလွှာ ရေးထိုးရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

              လူမှုဝန်ထမ်းဉီးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးအေးမင်းညွန့်မှ လူမှုဝန်ထမ်းဉီးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ(MoU)ရေးထိုး ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်း (၂၇) ဖွဲ့၊ သဘော တူညီမှုစာလွှာ(LoA)ရေးထိုးဆောင် ရွက်လျက်ရှိသည့် အဖွဲ့(၃)ဖွဲ့ ၊ နည်းပညာ သဘောတူညီမှု စာလွှာ (LTA) ရေးထိုးဆောင်ရွက်လျက်ရှိသည့် အဖွဲ့ (၂) ဖွဲ့ ၊ စီမံကိန်းသဘောတူစာချုပ် (Project Agreement) ရေးထိုးဆောင်ရွက်လျက်ရှိသည့် အဖွဲ့(၃)ဖွဲ့နှင့် လုပ်ငန်းအစီအစဉ် (Workplan) ရေးထိုးဆောင်ရွက် လျက်ရှိသည့် အဖွဲ့(၁)ဖွဲ့၊ စုစုပေါင်း (၃၆) ဖွဲ့တို့နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနမှှ EOCဌာနကြီးမှုး ဦးဝင်းထိန်ကျော်မှ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနနှင့် (MoU) ၊ (LoA) ၊ (LoI) ရေးထိုးဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်း (၁၉) ဖွဲ့ တို့နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ် များနှင့် စာချုပ်တွင်ပါဝင်သော စီမံကိန်းဒေသများအတွက် ရန်ပုံငွေများကို ထိရောက်စွာ အသုံးပြု နိုင်ရန် ဝန်ကြီးဌာနက စောင့်ကြည့်လေ့လာအကဲဖြတ်ရေးအဖွဲ့ (၂) ဖွဲ့ ဖွဲ့၍ ကွင်းဆင်းလေ့လာ လျက်ရှိပါကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူဝင်းမှ ရှင်းလင်းတင်ပြ ရာတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်မှစတင်ဖွဲ့စည်းခဲ့သဖြင့် ပြန်လည်ထူထောင်ရေးဦးစီး ဌာနနှင့် MoU, LoA သက်တမ်းတိုး ဆောင်ရွက်နေသည့် အဖွဲ့အစည်းမရှိပါကြောင်း၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနနှင့် MoU လက်မှတ်ရေးထိုး ပြီးစီးသည့် အဖွဲ့အစည်း(၃) ခု၊ MoU လက်မှတ် ရေးထိုးရန်ဆောင်ရွက်ဆဲ အဖွဲ့အစည်း (၅)ခု၊ LoA လက်မှတ်ရေးထိုးပြီးစီးသည့် အဖွဲ့အစည်း (၂)ခု၊ LoA လက်မှတ်ရေးထိုးရန်ဆောင်ရွက်ဆဲ အဖွဲ့အစည်း (၂)ခုရှိပါကြောင်း၊ MoU လက်မှတ်ရေးထိုး ပြီးစီးသည့် အဖွဲ့အစည်း (၃)ခု၊ LoA လက်မှတ်ရေးထိုးပြီးစီးသည့် အဖွဲ့အစည်း (၂)ခုတို့အားရှင်းလင်းတင်ပြ သွားခဲ့ပါသည်။

ဒုတိယဝန်ကြီးမှ ဖြည့်စွက်မှာကြားရာတွင် NGOs, INGOs အဖွဲ့အစည်းများမှ လုပ်ငန်း ဆောင်ရွက်ချက်များသည် အမှန်တကယ်ဆောင်ရွက်ခြင်းရှိ/မရှိ၊ အကျိုး သက်ရောက်မှု ရှိ/မရှိ၊ Beneficiaries များအမှန်တကယ်အကျိုးခံစားရခြင်းရှိ/မရှိတို့အား လေ့လားစမ်းစစ်သွားရမည်ဖြစ်ကြောင်း၊ စောင့်ကြည့်အကဲဖြတ်ခြင်း (Monitoring and Evaluation) ကို မူဘောင်နှင့် စနစ်တကျဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်းမှာကြားပါသည်။

Sign Up

Upcoming Events