အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက်အမှတ်စဉ် (၀၂/၂၀၂၁)

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်

=======================================

“ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန်တိုင်းထွာချက်များအရ အနောက်ဘက်မှရွေ့လျား လာသော လေပွေလှိုင်းများကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း (၁၇.၂.၂၀၂၁) ရက်နေ့မှ (၂၁.၂.၂၀၂၁) ရက်နေ့အတွင်း မန္တလေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါ သည်။”

 

အကြံပြုချက်

          ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူထစ်ချုန်းခြင်း၊ မိုးသီးကြွေခြင်း နှင့်လျှပ်စီးလက်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

 

Sign Up

Upcoming Events