တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ချင်းပြည်နယ်လုံခြုံ‌ရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီး၊ ချင်းပြည်နယ်လူမှုရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း‌ရေးမှူးတို့နှင့်အတူ (၁၆-၁-၂၀၂၁) ရက်နေ့ (၁၂:၀၀) အချိန်မှ (၁၃:၀၀) အချိန်ထိ ပူးပေါင်းပြုလုပ်သည့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ သီကီးရ်ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် တိုက်ပွဲရှောင်အိမ်ထောင်စု (၃၁) စုတို့အတွက် ဆီ (၆)လစာ (၃၇၂)ပိဿာ၊ ဆား(၆)လစာ (၁၈၆) ပိဿာ၊ ပဲ(၆)လစာ (၃၇၂)ပိဿာ၊ တိုက်ပွဲရှောင်လူဦးရေ(၁၆၀)ဦးတို့အတွက် ဆန်ရိက္ခာ(၆)လစာ အိတ်ပေါင်း(၃၀၀) တို့ကို တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ချင်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_otr
#chn_jan2021

Sign Up

Upcoming Events