ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁-၂၀၂၁) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ တော့ဆန်(ရွာမ)ကျေးရွာ၌ TNLA နှင့် RCSS/SSA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့ဖြစ်ပွားမှုကြောင့် လက်နက်ကြီးကျမှန်၍ တစ်စိတ်တစ်ပိုင်းနှင့် ပြိုကျပျက်စီးခဲ့သောလူနေအိမ်(၆၀)လုံးအတွက် ထောက်ပံ့ငွေ (၅,၇၂၀,၀၀ဝ) ကျပ်နှင့် ပြိုကျပျက်စီးခဲ့သော လူနေအိမ်(၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၁)မျိုးပါ (၅) ပုံး၊ လူဦးရေ(၂၉၇)ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၆၂၃,၇၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆,၃၄၃,၇၀ဝ) ကျပ်အား ဆရာတော်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၁၇-၁-၂၀၂၁) ရက်နေ့ (၁၁:၄၅) နာရီအချိန်တွင် တော့ဆန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#shn_jan2021

Sign Up

Upcoming Events