IDPs စခန်းများနှင့် နေရပ်ပြန်အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၂၀) ရက်နေ့ နံနက်(၀၉:၃၀) အချိန်တွင် ဗန်းမော်မြို့နယ်အတွင်းရှိ နှစ်-၂၀၀၀ IDPs စခန်းမှ အိမ်ထောင်စု (၁၅)စု၊ လူဦးရေ(၈၃)ဦး၊ ရောဘက် IDPs စခန်းမှ အိမ် ထောင်စု(၆)စု၊ လူဦးရေ (၁၉)ဦး၊ မံစီမြို့နယ်အတွင်းရှိ မိုင်းခေါင်နှစ်ခြင်း IDPs စခန်းမှ အိမ်ထောင်စု (၅)စု၊ လူဦး ရေ(၂၄)ဦး၊ မိုင်းခေါင်ကတ်သလစ် IDPs စခန်းမှ အိမ်ထောင်စု (၁၆)စု၊ လူဦးရေ(၈၀)ဦးနှင့် ဆွေမျိုးနေအိမ်များမှ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၅)ဦး၊ စုစုပေါင်း အိမ်ထောင်စု (၄၄)စု၊ လူဦးရေ (၂၁၁) ဦးတို့သည် မူလနေရပ် မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာအုပ်စု၊ နမ့်ဖူကျေးရွာသို့ ပြောင်းရွှေ့ရာ နေရပ်ပြန် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၄၄)ပုံး၊ ပြောင်းရွှေ့စရိတ် (၄,၄၀၀,၀၀ဝ) ကျပ်၊ စာနပ်ရိက္ခာ (ဆန်၊ဆီ၊ဆား၊ပဲ)(၁)လစာ တန်ဖိုးငွေ (၂,၅၇၄,၃၂၅) ကျပ်၊ စုစု‌ပေါင်းထောက်ပံငွေ (၆,၉၇၄,၃၂၅) ကျပ်တို့အား ပြောင်းရွှေ့ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#kcn_2021

Sign Up

Upcoming Events