သဘာဝဘေးခိုလှုံရာအဆောက်အဦ (Cyclone Shelter) တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၁၂.၂၀၂၀)ရက်နေ့ (၁၄:၀၀)အချိန်တွင် ညွှန်ကြားရေးမှူး၊ ဒေါ်၀င်းစန္ဒာကြည်သည် မြိတ်ခရိုင်ရုံးနှင့် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများနှင့်အတူ တနင်္သာရီမြို့နယ်၊ မြေမအုံ ကျေးရွာတွင် မြိတ်တော်၀င်ပုလဲကုမ္ပဏီမှ တင်ဒါအောင်မြင်တည်ဆောက်လျက်ရှိသော သဘာဝဘေးခိုလှုံရာအဆောက်အဦ (Cyclone Shelter) (၆၀ x ၆၀ x ၂၄)ပေ သံကူကွန်ကရစ်တစ်ထပ်တည်ဆောက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု့ ခဲ့ပြီး စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ သတ်မှတ်အရည်အသွေးပြည့်မီစေရေးနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်း လိုအပ်ချက်များအား ကုမ္ပဏီတာ၀န်ရှိသူများအား လမ်းညွှန်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#infra_dev

#tny_dec2020

Source:    တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစီမံ)

Sign Up

Upcoming Events