Covid-19 ရောဂါကူးစက်မှုနှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၂-၂၀၂၀) ရက်နေ့တွင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ ညောင်ပင် စောက်ကျေးရွာ၊ ဒိုးပင်ကျေးရွာ၊ တောင်ကိုင်းကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ရပ်ကွက်နေ ပြည်သူတို့အား အသိပညာပေးအစီအစဉ်ကို အသံချဲ့စက်အသုံးပြု၍ ဟောပြောခြင်း၊နှာခေါင်းစည်း (Mask) များဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါ‌ကြောင်း သတင်းရရှိပါသည်။

#ar

#shn_dec2020

Source:  မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events