ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းဖွင့်လှစ်ခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးမှုသတင်း

ဒီဇင်ဘာ ၄ ၊ နေပြည်တော်
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း ဖွင့်လှစ်ထားရှိမှုနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက Video Conferencing ဖြင့်ကျင်းပ ပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး လူငယ်သင်တန်းကျောင်းကို လိုအပ်ချက်အရ တိုးချဲ့ ဖွင့်လှစ်ခဲ့ပါကြောင်း၊ အခြေအနေအရပ်ရပ် ကြောင့် ပြစ်ဒဏ်ကျခံရမည့် ကလေးများနှင့်လူငယ်များကို ဥပဒေအရ လူငယ်သင်တန်းကျောင်း များတွင် ပြုပြင်၊ ပြုစု၊ ပျိုးထောင် ပေးလျက်ရှိကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ရာတွင် ကလေးသူငယ်၏ အသက်ကို (၁၈)နှစ်ဟု သတ်မှတ်ထားရှိပါသဖြင့် လူငယ်သင်တန်းကျောင်းများတွင် အသက်(၁၈)နှစ်‌အောက် ကလေးသူငယ်များကို တိုးမြှင့်လက်ခံခဲ့ရပါကြောင်း၊ ထို့ကြောင့်လူငယ် သင်တန်းကျောင်းများတွင် သင်တန်းသားများ တိုးတက်များပြားလာ၍ ဝန်ထမ်းအင်အား လိုအပ်ချက်များ၊ တွေ့ကြုံရသည့်အခက်အခဲများကို ဖြေရှင်းနိုင်စေရန် ဖွဲ့စည်းပုံများ တိုးချဲ့ဆောင်ရွက်ခဲ့ရာ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း၏ ဖွဲ့စည်းပုံအသစ်အရ လက်ရှိ ကျောင်းသား(၂၁၁)ဦးကို ဝန်ထမ်း(၁၆)ဦးဖြင့် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း၊ COVID-19 ကာလဖြစ်၍ စိန်ခေါ်မှုများစွာရှိနေပါကြောင်း၊ မိမိတို့အနဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ် အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် လုံခြုံရေး၊ အဆောက်အဦ လိုအပ်ချက်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ‌ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ COVID-19 ကာလဖြစ်၍ ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် အထူးသတိပြုပြီးဆောင်ရွက်ရမှာဖြစ်သလို COVID-19 ရောဂါ ကာကွယ်ရေး စည်းမျဉ်းများကိုလိုက်နာပြီး သင်တန်းကျောင်း၏ ရည်ရွယ်ချက်များကို အောင်မြင်စေရန် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အတည်ပြုပြဋ္ဌာန်းထားရှိသည့် လူငယ်ရေးရာမူဝါဒတွင် လူငယ်ကို အသက်(၁၅ နှစ်မှ ၃၅ နှစ်အထိ) သတ်မှတ် ထားသောကြောင့် သင်တန်းကျောင်းတွင်ရှိသည့် ကျောင်းသားများ အတွက် အကျုံး၀င်ပါကြောင်း၊ လူငယ်ရေးရာမူဝါဒအရ လူငယ်များ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကဏ္ဍ (၁၆)ရပ်ဖြင့် မဟာဗျူဟာ လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်လျက် ရှိကြောင်း၊ လူငယ်များသည် မိမိတို့၏ အခွင့် အရေးနှင့် ရပိုင်ခွင့်များကို တည်ဆဲဥပဒေများအရ ရယူခံစားနိုင်ပြီး ဥပဒေဘောင်အတွင်း နေထိုင်ကြရန်ဖြစ်ကြောင်းကို သိရှိစေရန်လိုအပ်ပါကြောင်း၊ မိမိတို့ အနေဖြင့် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ပံ့ပိုးကူညီ သွားမှာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူငယ်သင်တန်းကျောင်းများမှ ကျောင်းအုပ်များနှင့် ဝန်ထမ်းများက လက်ရှိဆောင်ရွက် လျက်ရှိသောလုပ်ငန်းများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သင့်သည့် အစီအစဉ်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် မိမိတို့အနေဖြင့် COVID-19 နှင့် ယှဉ်တွဲ၍ လုပ်ငန်းများကို အသားကျအောင် လုပ်ဆောင်သွားရမှာဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ဆိုင်ရာ ကူးစက်မှု ကာကွယ်ရေးလမ်းညွှန်ချက်များကို အလေ့ အထဖြစ်အောင် လေ့ကျင့်ဆောင်ရွက်နေကြ ရမှာဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အမှုရင်ဆိုင်ရမည့် ကလေးများအတွက် အမှုစစ်ခြင်းကို သက်ဆိုင်ရာ တရားရုံးများနှင့် Video Conferencing စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာကျောင်းအလိုက် အသိပညာပေး ဆွေးနွေးပွဲများကို Online ဖြင့် ဆောင်ရွက်နိုင်ပါကြောင်း၊ သင်တန်းကျောင်းတွင် နေထိုင်ရစဉ် ကာလကို အကျိုးရှိစေရန် သင်ကြားလေ့ကျင့်ပေးခြင်းသည် နိုင်ငံတော်အတွက် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဥပဒေဘောင်အတွင်းနေထိုင်၍ တန်ဖိုးရှိသော လူသားများဖြစ်အောင် နေထိုင်နိုင်ရေး အသိပညာပေး ရမည်ဖြစ်ကြောင်း၊ ကျောင်းအတွင်း အုပ်စုလိုက်ဆွေးနွေးပွဲများ၊ သဘောထားအမြင်ဖလှယ်ခြင်းများဖြင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အတွေ့အကြုံရှိသောသူများက ဟောပြောဆွေးနွေး မှုများကို ပြုလုပ်ပေးရ မည်ဖြစ်ကြောင်း၊ COVID-19 ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အလေးထားဆောင်ရွက်ကြရန်လည်း သတိပြုရမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် မန္တလေးတိုင်းဒေသကြီး လူမှု၀န်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

#hl1_otr
#npw_dec2020
Source: MOSWRR

Sign Up

Upcoming Events