ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်နှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမူဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၁၂.၂၀၂၀) ရက်နေ့၊ (၁၀:၃၀) အချိန်မှ (၁၄း၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုများမဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များအား တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ နယ်မြေ (၁၊၂၊၃၊၄၊၅၊၆၊၇၊၈၊၉၊၁၀၊၁၁၊၁၂၊၁၃)နှင့် အောင်ဇေယျရပ်ကွက်၊ နယ်မြေ (၁၊၂၊၃၊၄၊၅၊၆၊၇၊၈၊၉၊၁၀၊၁၁၊၁၂) များအတွင်းရှိ ပြည်သူများအား ထိရောက်စွာ အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#npw_dec2020

Source:  ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events