မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အောင်းကျေးရွာအုပ်စု၊ အောင်းတောင်ကျေးရွာတွင် (၂၇-၁၁-၂၀၂၀)ရက်နေ့ (၁၁:၂၅)နာရီအချိန်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်နေအိမ်(၁)လုံး၊  အိမ်ထောင်စု(၁)စု၊ လူဦးရေ (၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၈၄၀၀ိ/-)၊ စုစုပေါင်း (၁၀၈၄၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး တစ်စုစားတို့အား ထီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၁-၁၂-၂၀၂၀)ရက်နေ့(၁၀:၄၀)နာရီ အချိန်တွင် မီးဘေးသင့်ပြည်သူလက်ဝယ်အရောက်ထောက်ပံ့အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#mgy_dec2020

Source:             ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events