မီးဘေး ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ (၂၉-၁၁-၂၀၂၀)ရက်နေ့ ၊ (၀၅:၃၀)အချိန်၌ ဘားအံမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြတ်လေးလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ (သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ (၂)ထပ်နေအိမ်(၁)လုံး၊ RC နှစ်ထပ်နေအိမ်(၁)လုံး လုံးဝပျက်စီးနှင့် သွပ်မိုး၊အုပ်ညှပ်နေအိမ်(၁)လုံးတစ်စိတ်တစ်ပိုင်းပျက်စီး) မီးဘေးသင့် အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၇)ဦးတို့အတွက် ဆနိရိက္ခာ(၇)ရက်စာဖိုးငွေကျပ်(၃၅၇၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၄၀၀၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၄၃၅၇၀၀)နှင့် လုံးဝပျက်စီးနေအိမ်(၂)လုံးအတွက်(၂၂)မျိုးပါ Family Kit(၂)စုံတို့အား (၃၀-၁၁-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)အချိန်တွင် ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#krn_dec2020

Source:             ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events