ဘေးသင့်သေဆုံးပြည်သူအတွက်ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၉-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဘွမ်နန်ကျေးရွာရှိ ချောင်ဘရားသားကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်း၌ အမြင့်ပေ(၁၅၀)ခန့်၊ အလေးချိန်(၃)ပိဿာခန့်ရှိ ကျောက်ခဲပြုတ်မှုကြောင့် ကမ်းပါးယံအောက်ခြေတွင် ရေမဆေးကျောက်ရှာဖွေနေသူ ဦးခေါင်းထိမှန်သေဆုံးခဲ့သောကြောင့် ဘေးသင့်သေဆုံးပြည်သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀ဝ/-)ကျပ်အား (၁-၁၀-၂၀၂၀)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ဘွမ်နန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#ha_otr

#kcn_oct2020

Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events