မြေပြိုဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၉-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာရှိ ရတနာအဓိပတိလုပ်ကွက်ကျင်း၌ ကမ်းပါးယံ မြေသားပြိုကျမှုဖြစ်ပွားခဲ့သောကြောင့် အမြင့်ပေ(၁၂၀)ခန့်၌ ရေမဆေးကျောက်ရှာဖွေနေသော ဘေးသင့်သေဆုံးသူ(၁)ဦးအတွက်ထောက်ပံ့ငွေ(၃၀၀,၀၀ဝ/-)ကျပ်၊ ဒဏ်ရာရသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၅၀,၀၀ဝ/-)ကျပ်အား (၁-၁၀-၂၀၂၀) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် စပေါ့ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူထံ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_lsd

#kcn_oct2020

Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events