ရေဘေးသင့်ပြည်သူများ ထောက်ပံ့ပေးမှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် (၂၇-၉-၂၀၂၀) ရက်နေ့မှ (၂၉-၉-၂၀၂၀) ရက်နေ့ အထိ ဧရာဝတီမြစ်ရေမြင့်တက် လာမှုကြောင့် မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းများတွင်နေထိုင်သော ရပ်ကွက်(၈)ခုနှင့် ကျေးရွာ (၉) ခုများရှိ ရေဘေးပြောင်းရွှေ့ စုစုပေါင်းအိမ်ထောင်စု (၅၀၀) စု၊ လူဦးရေ (၂၄၆၉) ဦးတို့အတွက် အဝတ် Mask (၂၄၆၉) ခု၊ ဆပ်ပြာ (၅၀၀) တောင့်နှင့် ဆန်(၇) ရက်စာဖိုးငွေ (၅၁၈၄,၉၀ဝ) ကျပ်တို့ကို (၁-၁၀-၂၀၂၀)ရက်နေ့ (၁၃:၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
#ha_fld
#kcn_oct2020
 
 
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events