ရေဘေးသင့်ပြည်သူများ ထောက်ပံ့ပေးမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့ နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ‌ရွှေကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် တောပုန်း ကျေးရွာများတို့မှ (၂၇-၉-၂၀၂၀) ရက်နေ့မှ (၂၉-၉-၂၀၂၀) ရက်နေ့ထိ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့စခန်းများဖြစ်ကြ‌သော ‌ရွှေကူမြို့၊ မြဝတီဘုန်းတော်ကြီးကျောင်း၊ ပုပ္ပါရုံဘုန်း‌‌တော်ကြီးကျောင်း၊ အောင်တော်မူဘုန်းတော်ကြီးကျောင်းနှင့် ဆွေမျိုးနေအိမ်များရှိ စုစုပေါင်းအိမ်ထောင်စု( ၃၅) စု၊ လူဦးရေ (၁၅၉) ဦးတို့သည် အသီးသီးပြောင်းရွှေ့နေထိုင်လျက်ရှိပြီး (၁-၁၀-၂၀၂၀)ရက်နေ့ နံနက်(၁၀:၀ဝ) နာရီအချိန်တွင် အိမ်ထောင်စု(၁)စုလျှင် ဆပ်ပြာ (၁) တောင့် နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု(၃၅)စုအတွက် ‌ဆပ်ပြာ(၃၅)တောင့်၊ လူ(၁)ဦးလျှင် အဝတ် Mask (၁) ခု နှုန်းဖြင့် လူဦးရေစုစုပေါင်း (၁၅၉)ဦးအတွက် အဝတ် Masks (၁၅၉)ခုနှင့် (၁)ဦးလျင် (၇)ရက်စာ ဆန်ဖိုးငွေ (၂,၁၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းလူဦးရေ (၁၅၉) ဦးတို့အတွက် (၃၃၃,၉၀၀) ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#ha_fld

#kcn_oct2020

 

 

Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events