လေပြင်းဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၀) ရက်နေ့၊ (၂၀:၃၀) အချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ နောင်ကုန်ကျေးရွာအုပ်စု၊ ဟိုခိုရွာအနီး ကျိုင်းတုံ-လွယ်မွေသွား ကားလမ်းဘေး၌ မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် အမြင့်ပေ (၁၅) ပေရှိ ညောင်ပင်မှ လမ်းမပေါ်သို့ထွက်နေသည့် အရှည် (၁၇)ပေ၊ လုံးပတ် (၃) ပေခန့်ရှိ သစ်ကိုင်းပြုတ်ကျကာ လူ (၁) ဦးသေဆုံးခဲ့ပြီး အဆိုပါသေဆုံးမှုအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား (၂၆-၉-၂၀၂၀) ရက်နေ့ (၁၀:၃၀) အချိန်ခန့်တွင် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#shn_sep2020

Sign Up

Upcoming Events