COVID-19 စီးပွားရေးကုစားမှုအစီအစဥ် (CERP)အရ စားသောက်ကုန် (၅) မျိုးဝယ်ယူရေးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးနှင့် ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွားရေးကုစားမှုအစီအစဥ် (CERP)အရ စားသောက်ကုန် (၅) မျိုး ဝယ်ယူရန် အိမ်ထောင်စု (၁) စုလျှင် (၄၀၀၀၀/-) ကျပ်နှုန်းဖြင့် မောင်တောခရိုင်၊ ဘူးသီး တောင်မြို့နယ် အတွင်းရှိတိုက်ပွဲရှောင်စုရပ် (၁၅)ခုမှ အိမ်ထောင်စု (၁၅၆၆)စု၊ လူဦးရေ (၇၂၇၈) ဦးတို့အတွက် ထောက်ပံ့ငွေ (၆၂၆၄၀၀၀၀) ကျပ်အား ဒုတိယအကြိမ်အဖြစ် (၂၅-၉-၂၀၂၀) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ ရှေ့မှောက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာ စခန်းတာဝန်ခံများ၊ ရပ်မိရပ်ဖများ ထံစနစ်တကျလွှဲပြောင်းထောက်ပံပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#rke_sep2020

Sign Up

Upcoming Events